လူ ၂ သောင်းခန့် နေထိုင်နိုင်တဲ့ တရုတ်ပြည်က ဧရာမ တိုက်တန်းလျားကြီး

0
179

တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့တော်မှာ တည်ရှိတဲ့ ဧရာမ တိုက်တန်းလျားကြီး ရီဂျန့် အင်တာနေရှယ်နယ် ဟာ သူ့မှာ နေထိုင်ကြတဲ့ များပြားလှတဲ့ လူဦးရေ ပမာဏကြောင့် လူသိများ ကျော်ကြားပါတယ်။ အဲဒီ အဆောက်အအုံမှာ လူပေါင်း ၂ သောင်းနီးပါး နေထိုင်နိုင်တယ်လို့ သိရပြီး ဒါဟာ သာမန် မြို့ငယ်လေးတစ်မြို့မှာ ရှိတဲ့ လူအရေအတွက်လောက်ကို များပြားပါတယ်။

အင်္ဂလိပ်အက္ခရာ အက်စ် ပုံသဏ္ဍာန်ရှိတဲ့ ရီဂျန့် အင်တာနေရှင်နယ်ကို အစတုန်းက ဇိမ်ခံဟိုတယ်အနေနဲ့ ဒီဇိုင်းရေးဆွဲခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အကောင်းစား တိုက်ခန်းတွေ ထောင်နဲ့ချီ တည်ရှိတဲ့ ဧရာမ အဆောက်အအုံအဖြစ်သို့ ပြောင်းလဲသွားပါတယ်။ ၆၇၅ ပေ (၂၀၆ မီတာ) မြင့်ပြီး နေထိုင်တဲ့ အခြမ်းပေါ် မူတည်၍ အထပ်ပေါင်း ၃၆ ထပ်ကနေ ၃၉ ထပ်အထိ ရှိနိုင်ပါတယ်။

ဒါ့ပြင် အဆောက်အအုံထဲမှာတင် ထောင်နဲ့ချီတဲ့ နေထိုင်သူတွေ စားသောက်နိုင်မယ့် ဧရာမ စားသောက်ဆိုင်တစ်ခုအပြင် ရေကူးကန်တွေ၊ ဆံပင်ညှပ်ဆိုင်တွေ၊ လက်သည်းအလှပြင်ဆိုင်တွေ၊ စူပါမားကက်တွေနဲ့ အင်တာနက်ကဖေးတွေလည်း ရှိပါတယ်။ ဒါဟာ မြို့တစ်မြို့ ပုံစံဖြစ်နေပြီး လိုချင်တာမှန်သမျှကို အဲဒီအဆောက်အုံထဲမှာပဲ ရှာဖွေရရှိနိုင်တဲ့အတွက် အပြင်ထွက်စရာတောင် မလိုအပ်တော့ပါဘူး။

ဒီလို ခေတ်မီလှတဲ့ အဆောက်အုံကြီးကို ဒီဇိုင်းဆွဲခဲ့ပေးတဲ့ သူကတော့ ကမ္ဘာ့ ဒုတိယမြောက် ကြယ်ခုနှစ်ပွင့် ဟိုတယ်ရဲ့ ဒီဇိုင်နာချုပ် အလီရှား လူး ဖြစ်ပါတယ်။ တစ်လစာ အခန်းငှားခကတော့ ပြတင်းပေါက် မပါတဲ့ တိုက်ခန်းသေးတွေအတွက် ဒေါ်လာ ၂၂၀ ရှိပြီး လသာဆောင်ပါတဲ့ တိုက်ခန်းကြီးတွေ အတွက်ကတော့ ဒေါ်လာ ၅၅၀နဲ့ အထက် ကျသင့်စေမှာ ဖြစ်ပါတယ်။

ရီဂျန့် အင်တာနေရှင်နယ်မှာ လူဘယ်နှစ်ယောက်နေလဲဆိုတာကို အတိအကျ မသိရပေမယ့် သူ့မှာ ရှိတဲ့ တိုက်ခန်းတွေနဲ့ အထပ်တွေကို ကြည့်ပြီး လူပေါင်း ၁၁,၀၀၀ နဲ့၂၂,၀၀၀ ကြား ရှိမယ်လို့ ခန့်မှန်ထားကြပါတယ်။

Source: Odditycentral


LEAVE A REPLY

Please enter your comment!
Please enter your name here