ထိုင်းနိုင်ငံတွင် လူကုန်ကူးခံခဲ့ရသည့် မြန်မာနိုင်ငံသား (၉) ဦးကို ပြန်လည်လွှဲပြောင်းပေး

0
93

ထိုင်းနိုင်ငံတွင် လူကုန်ကူးခံခဲ့ရသည့် မြန်မာနိုင်ငံသား(၉) ဦးအား ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ လူဝင်မှု ကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများက ဇွန် (၁၅) ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ တာဝန်ရှိသူများထံသို့ ပြန်လည်လွှဲပြောင်း အပ်နှံခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသား အမျိုးသား(၅) ဦးနှင့် အမျိုးသမီး (၄) ဦးသည် လူကုန်ကူးခံရ၍ ကယ်ဆယ်ထားပြီး ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူထုလုံခြုံရေး ဝန်ကြီးဌာနအောက်ရှိ ဂေဟာများ၌ လက်ခံစောင့်ရှောက်ထားကာ နိုင်ငံသားစိစစ်ပြီး တရားစီရင်ရေးလုပ်ငန်းစဉ် ပြီးဆုံးသူများဖြစ် ကြောင်းသိရသည်။

တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနတွင် တာဝန်ရှိသူများက လူကုန်ကူးခံခဲ့ရသည့် မြန်မာနိုင်ငံသားများ၏ ပစ္စည်းနှင့်ငွေကြေးများ၊ အချက်အလက်များအား လွှဲပြောင်းပေးအပ်ရာ မြန်မာနိုင်ငံမှ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ မြဝတီမြို့ယာယီ လက်ခံစောင့်ရှောက်ရေးဂေဟာမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက လက်ခံခဲ့ကြကြောင်း သိရသည်။

ပြန်လည်လွှဲပြောင်းပေးခဲ့သည့် မြန်မာနိုင်ငံသား (၉) ဦးအား မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတားမှတဆင့် မြဝတီမြို့ရှိ ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာသို့ ပြန်လည်ကြိုဆိုခေါ်ဆောင်လာပြီးနောက် နေရပ်များသို့ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ 


LEAVE A REPLY

Please enter your comment!
Please enter your name here