KTV/ CLUB/ BAR နှင့် စားသောက်ဆိုင်များတွင် ဖြန့်ဖြူးရောင်းချမည့် ငွေကျပ်သိန်း (၉၀၀၀) တန်ဖိုးရှိ စိတ်ကြွဆေးပြား (၉) သိန်းအား ကမာရွတ်တွင် ဖမ်းမိ

0
111

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ (၃) ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ ငွေကျပ်သိန်း (၉၀၀၀) တန်ဖိုးရှိ စိတ်ကြွဆေးပြား (၉) သိန်းပြားအား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကမာရွတ်မြို့နယ်၊ (၃) ရပ်ကွက်၊ ပတ္တမြားလမ်းရှိ စိုင်းလှဟန်၏ နေအိမ်အား ဇွန်လ (၁၁) ရက် နေ့လယ်ပိုင်းက ဝင်ရောက်ရှာဖွေခဲ့ကြခြင်းဖြစ်သည်။

ယင်းသို့ ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်း၌ စိုင်းလှဟန်နှင့် စိုင်းစိန်လင်းတို့အား ရန်ကုန်မြို့ရှိ KTV/ CLUB/ BAR နှင့် စားသောက်ဆိုင်များတွင် ဖြန့်ဖြူးရောင်းချမည့် ငွေကျပ်သိန်း (၉၀၀၀) တန်ဖိုးရှိ စိတ်ကြွဆေးပြား (၉) သိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူ (၂) ဦးအား သက်ဆိုင်ရာရဲစခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here