ရွှေဈေးနှုန်း သိန်း (၄၀) ကျော်အထိရောက်ရှိလာနိုင်ကြောင်း ကောလာဟလ သတင်းဖြန့်မှုများရှိနေ

0
139

ပြည်တွင်း၌ ရွှေဈေးနှုန်း မတည်မငြိမ် ဖြစ်ပေါ်စေရန် ရည်ရွယ်ကာ ကောလာဟလ သတင်းဖြန့်မှုများလုပ်ဆောင်မှုများရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ယနေ့ ဇွန်လ (၁၆) ရက် နေ့လယ်ပိုင်းမှ စတင်ကာ အဆိုပါ ကောလာဟလများ ထွက်ပေါ်နေခြင်းဖြစ်ပြီး ရွှေတစ်ကျပ်သားလျင် (၄၀) ကျော်အထိ မြင့်တက်လာနိုင်သည်ဟု ‌မမှန် သတင်း ဖြန့်ဝေမှုများလုပ်ဆောင်နေခြင်းဖြစ်သည်။

အဆိုပါ ကော်လာဟလ သတင်းဖြန့်ဝေနေသူများကြောင့် ရွှေဈေးကွက်မှာ မတည်မငြိမ်ဖြစ်နေရခြင်းဖြစ်ပြီး ၎င်းတို့အား သက်ဆိုင်ရာက အရေးယူမှုများ လုပ်ဆောင်ရန် စီစဉ်နေကြောင်း ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။

” အဲဒီ ကော်လာဟလဖြန့်တဲ့ လူတွေကြောင့် ရွှေဈေးကွက် က ဒုက္ခဖြစ်နေတာ။ အဲဒီလူတွေကို သက်ဆိုင်ရာက အရေးယူဖို့ လုပ်ပါလိမ့်မယ်” ဟု ရန်ကုန်ရွှေအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းက စတင်ခဲ့သည့် ဒေါ်‌ လာဈေး မတည်ငြိမ်သည့်ဖြစ်စဉ်ကြောင့် မြင့်တက်ခဲ့သည့် ရွှေဈေးနှုန်းများမှာ လက်ရှိအချိန်ထိ ထိန်းညှိနိုင်ခြင်း မရှိသေးဘဲ ဆက်လက်မြင့်တက်နေသည့်အခြေအနေတွင် ယခုကဲ့သို့ ကောလာဟလ ဖြန့်ကာ ဈေးကစားရန် ကြိုးစားမှုများ ရှိနေခြင်း ဖြစ်သည်။

ထို့အပြင် ‌စက်သုံးဆီ အရောင်းဆိုင်များအနေဖြင့် စက်သုံးဆီများကို တစ်ပတ်လျင် (၃) ရက်ခန့်သာရောင်းချတော့မည်ဟုလည်း ကောလာဟလသတင်းများ ဖြန့်ဝေလျက် ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here