လယ်ဝေးမြို့မရဲစခန်းနှင့် MICC-II ဂိတ်(၂)ဝင် ပေါက်တို့အား လက်ပစ်ဗုံးဖြင့်ပစ်ခတ်ခဲ့သူ ၄ ဦးအား အခင်းဖြစ်ပြီး ၁၀ နာရီအတွင်း ဖမ်းမိ

0
90

လယ်ဝေးမြို့မရဲစခန်းနှင့်နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်၊ဘောဂသိဒ္ဓိရပ်ကွက်၊ဉာဏအောင်မြေလမ်းရှိ MICC-II ဂိတ်(၂)ဝင် ပေါက်တို့အား ဇွန် ၁၂ ရက်ညနေပိုင်းနှင့်ညပိုင်းတို့က လက်ပစ်ဗုံးဖြင့်ပစ်ခတ်ခံခဲ့ရသည်ဟု နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

အခင်းဖြစ်စဥ်များဖြစ်ပွားပြီးနောက် ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ ဇွန် ၁၃ ရက်နံနက်ပိုင်းတွင် ပြစ်မှုကျူးလွန်သူများဖြစ်သည့် သက်နိုင်နှင့်အငှားကား(Taxi) မောင်းသူရန်နိုင်ထွန်းတို့အား ပျဉ်းမနားမြို့နယ်၊အာဟာရသုခဈေးအနီးရှိ “ရွက်သစ်” လက်ဖက်ရည်ဆိုင်၌ ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်များအရ ယင်းနေ့ နေ့လည်ပိုင်းတွင် ရဲနိုင်နှင့်အငှားကား(Taxi)မောင်းသူအိုင်ဖော့(ခ) ရန်နိုင်ဦးတို့အား လိပ်သိုမြို့အဝင်စစ်ဆေးရေးဂိတ်၌ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ပြစ်မှုကျူးလွန်သူ ၄ ဦးအား အခင်းဖြစ်ပြီး ၁၀ နာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြစ်မှုကျူးလွန်သူများအား စစ်ဆေးချက်အရ ဖောက်ခွဲမှုများပြုလုပ်ရန် စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ခေါင်းဆောင် ဇင်ယော်(ခ)ငှက်ဖြူ(ခ)နေလင်းမှခိုင်းစေခဲ့ခြင်းဖြစ်ပြီး ဖောက်ခွဲမှုများအတွက် တစ်ဦးလျင် ငွေကျပ် ၃ သိန်းစီထောက်ပံ့ပေးခဲ့ခြင်းတို့ကိုလည်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးနှင့်ခိုင်းစေသူအား ထပ်မံဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here