ရှီကျင့်ဖျင်နှင့် မိတ်ဆွေဟောင်း ဘီလ်ဂိတ်တို့ ပေကျင်း၌ တွေ့ဆုံ

0
114

ပေကျင်း၊ ဇွန် ၁၆

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဇွန်လ ၁၆ ရက် သောကြာနေ့တွင် ပေကျင်းမြို့၌ မိတ်ဆွေဟောင်း ဘီလ်ဂိတ်ကို တွေ့ဆုံခဲ့ကြောင်း သိရသည်။

မိုက်ခရိုဆော့ဖ် ကုမ္ပဏီအား ပူးတွဲတည်ထောင်သူနှင့် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ဂိတ်သည် ကိုဗစ်ပြီးဆုံးပြီးနောက် ပေကျင်းသို့ သွားရောက်လည်ပတ်သည့် နောက်ဆုံး အနောက်တိုင်း စီးပွားရေးခေါင်းဆောင် ဖြစ်သည်။

“ခင်ဗျားဟာ ဒီနှစ်ထဲ ပေကျင်းမှာ လက်ခံတွေ့ဆုံတဲ့ ပထမဆုံး အမေရိကန် သူငယ်ချင်းပါပဲ” ဟု ရှီက ဂိတ်အား ပြောခဲ့ကြောင်း တရုတ်နိုင်ငံပိုင် ပြည်သူ့နေစဉ် သတင်းစာက ဖော်ပြခဲ့သည်။ ထို့ပြင် ရှီက “အမေရိကန်ပြည်သူတွေအပေါ် မျှော်လင့်ချက်တွေ အမြဲထားထားပြီး နှစ်နိုင်ငံပြည်သူတွေကြား ခင်မင်ရင်းနှီးမှုတွေ ဆက်ရှိနေဖို့ မျှော်လင့်ပါတယ်” ဟု ဂိတ်အား ပြောခဲ့သည်။

ဂိတ်သည်လည်း ရှီအား ယခုကဲ့သို့ တွေ့ဆုံခွင့်ရသည့်အတွက် အရမ်းဂုဏ်ယူမိသည်ဟု ပြောကာ ကိုဗစ်ကပ်ရောဂါကို ကိုင်တွယ်ဖြေရှင်းရာ၌ တရုတ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်ခဲ့မှုများကို ချီးကျူးဂုဏ်ပြုခဲ့ကြောင်း သိရသည်။

ဂိတ်၏ အဆိုပါခရီးစဉ်သည် အမေရိကနှင့် တရုတ်ကြား တင်းမာမှုများ မြင့်တက်နေချိန် ထွက်ပေါ်လာခြင်းဖြစ်ပြီး ရှီ၏ ပြောဆိုပုံများအရ သူသည် ဂိတ်မှ တစ်ဆင့် ၎င်းနှစ်နိုင်ငံကြားရှိ ဆက်ဆံရေးကို ပြန်လည်မြှင့်တင်လိုပုံရသည်။

ဂိတ်သည် ရှီနှင့် မတွေ့ဆုံခင် ကြာသပတေးနေ့၌ တရုတ်နိုင်ငံအား ငှက်ဖျားနှင့် တီဘီရောဂါ တိုက်ဖျက်ရန် ကြိုးပမ်းမှုကို ဒေါ်လာသန်း ၅၀ ပံ့ပိုးကူညီသွားမည်ဟု ကြေညာခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here