ရုရှားနှင့် တရုတ် ပါဝင်သည့် BRICS ဘဏ်အဖွဲ့နှင့် ပူးပေါင်းရန် မြန်မာဗဟိုဘဏ်ဥက္ကဋ္ဌ စဉ်းစားနေ

0
294

ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိကနိုင်ငံများ ပါဝင်သည့် ထွန်းသစ်စဈေးကွက်နိုင်ငံများအုပ်စု (BRICS) က တည်ထောင်ထားသည့် New Development Bank (NDB) မှာ ပါဝင်ပူးပေါင်းရန် စဉ်းစားနေကြာင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားခဲ့သည်။

အမေရိကန်ဒေါ်လာ အသုံးပြုမှုကို လျှော့ချပြီး ကုန်သွယ်မှုများတွင် ကိုယ်ပိုင်ငွေကြေးစနစ် ဖော်ဆောင်မှုကို မြန်မာနိုင်ငံက ထောက်ခံကြောင်း သူမက ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မှာ ကျင်းပနေသည့် နိုင်ငံတကာစီးပွားရေးဖိုရမ်တွင် ရုရှားသတင်းဌာန Sputnik ၏ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရုရှားနှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုသည် အထူးသဖြင့် ကုန်သွယ်မှုကို ပံ့ပိုးကူညီခြင်းနှင့် ၎င်း၏ ပမာဏကို တိုးမြှင့်ခြင်းကြောင့် တိုက်ရိုက်အကျိုးသက်ရောက်မေည်ဖြစ်ကြောင်း ဒေါ်သန်းသန်းဆွေက ဆိုသည်။

လက်ရှိတွင် နှစ်ဖက်နည်းပညာဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ပြီးမှသာ ရုရှားငွေပေးချေမှုစနစ်ဖြစ်သည့် MIR Card အသုံးပြုနိုင်မှာဖြစ်ပြီး ယင်းကိုတော့ နှစ်ကုန်ပိုင်းမှသာ စတင်နိုင်ရန်‌မျှော်လင့်ထားကြောင်း ဒေါ်သန်းသန်းဆွေက ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here