ကနေဒါတောမီးလောင်ကျွမ်းမှုကိုကူညီရန်အတွက် ဂြိုလ်တုအချက်အလက်များပေးပို့မည်ဟုအမေရိကဆို

0
115

ဝါရှင်တန်၊ဇွန်

ကနေဒါနိုင်ငံသည် အပျက်အစီး အများဆုံး တောမီးလောင်ကျွမ်းသည့်ဒဏ်ကိုခံစားနေရသဖြင့် တောမီးလောင်ကျွမ်းသည့်နေရာ အသစ်များအား အချိန်နှင့်တစ်ပြေးညီသိနိုင်ရန် ဂြိုလ်တုအချက် အလက်များကို ကနေဒါအာဏာပိုင်များထံပေးပို့ကူညီသွားမည်ဖြစ်ကြောင်းအမေရိက ကာကွယ်ရေးဌာန (DoD) ကပြောကြားခဲ့သည်။

ထို့ပြင်အမေရိကသည် ကနေဒါသို့ မီးသတ်သမား ၆၀၀ ကျော်စေလွှတ်ထားပြီး မီးလောင်ကျွမ်းမှုကို ကူညီဖြေရှင်းပေးခဲ့ကာ အမေရိကန်တာဝန်ရှိသူများသည် လေထုအရည်အသွေးနှင့် လေကြောင်းနှောင့်နှေးမှုများကိုလည်း စောင့်ကြည့်နေကြောင်း သမ္မတဂျိုးဘိုင်ဒင်ကပြောကြားခဲ့သည်။

“ယနေ့မှစတင်၍ DoD ဝန်ထမ်းများသည် ကန်ဂြိုဟ်တုများနှင့်အာရုံခံကိရိယာများမှရရှိသည့်အချိန်နှင့်တစ်ပြေးညီဖြစ်‌သောအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာကာ အမေရိက အစိုးရ မီးသတ်ဌာန နှင့် ကနေဒါ တောမီးဌာနတို့ အကြား ပူးပေါင်းဆောင်ရွက်သည့်သဘောတူညီချက်အရပေးပို့လိမ့်မည်” ဟုလည်း အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူ အဒမ်ဟော့ခ်ျကကြေငြာချက်တွင်ဖော်ပြခဲ့သည်။

ယင်းနောက်သမ္မတဘိုင်ဒင်အစိုးရအဖွဲ့သည် အမေရိကန်ပြည်ထဲရေးဌာန ၊အ‌မေရိကန်စိုက်ပျိုးရေးဌာန၊ သစ်တောဌာန နှင့် ပြည်နယ်တောမီးငြှိမ်းသတ်ရေး ဝန်ထမ်းများနှင့် စက်ပစ္စည်းများအား ကနေဒါသို့ဖြန့်ကျက်ချထားကာကူညီ‌ပေးထားကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

ကနေဒါသည် ပျက်စီး ဆုံးရှုံးမှု အများဆုံး တောမီးလောင်ကျွမ်းသည့်ရာသီကို ကြုံတွေ့နေရပြီး ဟက်တာ ၄ ဒသမ ၈ သန်းခန့် မီးလောင်ကျွမ်းခဲ့ကာ အဆိုပါဧရိယာသည် နယ်သာလန်ထက်ပိုကျယ်သည့်ပမာဏဖြစ်သည်ဟုဆိုသည်။

Source : ရိုက်တာ/အေစီ


LEAVE A REPLY

Please enter your comment!
Please enter your name here