သာကေတ မြင်တော်သာလမ်းမကြီးပေါ်တွင် စိတ်ကျန်းမာရေးချို့တဲ့နေသူအား ကားတစ်စီးမှတိုက်ပြေး

0
202

ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊မြင်တော်သာလမ်းမကြီးပေါ်တွင် ဇွန် ၁၇ ရက်ညနေပိုင်းက စိတ်ကျန်းမာရေးချို့တဲ့နေသူအား ကားတစ်စီးမှတိုက်ပြေးသွားခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

ယမန်နေ့ညနေ ၄ နာရီခွဲခန့်က သာကေတမြို့နယ်၊မြင်တော်သာလမ်းမကြီး၏ (၇)စျေးမှတ်တိုင်အနီးတွင် အသက်(၄၀)နှစ်ခန့်ရှိ စိတ်ကျန်းမာရေးချို့ တဲ့နေသည့်အမျိုးသားအား ကားတစ်စီးမှတိုက်ပြေးသွား၍ ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

“ထိခိုက်ဒဏ်ရာရတဲ့လူကို မြေပြင်ကုသမှုတွေလုပ်ပေးပြီး င်္သခါရဝိမုတ္တိလူမှုကူညီရေးအသင်းကားနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ပေးခဲ့ပါတယ် ကားတိုက်ခံရတဲ့လူက မိသားစုကစွန့်ပစ် ထားတဲ့လူလို့သိထားပါတယ်”ဟု သာကေတမြို့ နယ်လူမှုကူညီရေးအသင်း၏ သတင်းပြန်ကြား ရေးတာဝန်ခံကပြောသည်။

ထို့ပြင် နံနက် ၇ နာရီခွဲခန့်ကလည်း သာကေတမြို့ နယ်၊ရှုခင်းသာလမ်းမကြီး၏ ဝေဇယန္တာမှတ်တိုင်အနီးတွင် အသက်(၅၀)နှစ်ခန့်ရှိ အိမ်ခြေယာမဲ့ အ မျိုးသားတစ်ဦး ပြင်ပဒဏ်ရာမရှိပဲသေဆုံးနေသဖြင့် သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ လို အပ်သည်များကိုကူညီပေးပြီး ရုပ်အလောင်းအား အောင်နိုင်သူလူမှုကူညီရေးအသင်းကားဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here