မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်း ထိုင်း၊ ဖီလစ်ပိုင်အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်

0
199

AFF U-19 Women’s Championship 2023 ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အမျိုးသမီး ယူ – ၁၉ အသင်းသည် အုပ်စု(ဂ)တွင် ထိုင်း၊ ဖိလစ်ပိုင်အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိကြောင်း သိရသည်။

AFF U-19 Women’s Championship 2023 ပြိုင်ပွဲ အုပ်စုမဲခွဲပွဲအား ဇွန် (၁၇) ရက်ကပြုလုပ်ခဲ့ရာ အုပ်စု(က)တွင် အိမ်ရှင် အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ တီမောအသင်း၊ အုပ်စု(ခ)တွင် ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူအသင်းတို့ ယှဥ်ပြိုင်ရမည် ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ၊ ပလမ်ဘန်းမြို့တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် AFF U-19 Women’s Championship 2023 ပြိုင်ပွဲအား လာမည့် ဇူလိုင် (၅) ရက်မှ (၁၇) ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။

ပြိုင်ပွဲ၌ အုပ်စုသုံးခုမှ အုပ်စု ပထမရ (၃) သင်းနှင့် အကောင်းဆုံး အုပ်စုဒုတိယ (၁) သင်း(စုစုပေါင်း (၄) သင်း ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ရမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here