တရုတ်နိုင်ငံအနောက်တောင်ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၁၅ ဦး ထက်မနည်းသေဆုံးခဲ့

0
140

ပေကျင်း၊ဇူလိုင် ၅

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကျုံချင်းပြည်နယ်၏မြို့တော်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၁၅ ဦး ထက်မနည်း သေဆုံးကာ ၄ ဦးပျောက်ဆုံးနေကြောင်းသိရှိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုနှင့်‌မြေပြိုမှုဆိုင်ရာဘေးအန္တရာယ်များဖြစ်ပေါ်ခဲ့ပြီး ခရိုင် ၁၉ ခုတွင် လူပေါင်း ၁၃၀,၀၀၀ ကျော်၏ အသက်အိုးအိမ်စည်းစိမ်အားဖျက်ဆီးခဲ့သည်ဟုလည်းဆင်ဟွာသတင်းဌာနက ကြေငြာခဲ့သည်။

သမ္မတရှီကျင့်ဖျင်ကလည်း ဌာနတိုင်းမှတာဝန်ရှိသူအဆင့်ဆင့်တိုင်းသည် ပြည်သူများ၏လုံခြုံရေးနှင့် ပိုင်ဆိုင်မှုပစ္စည်းများဘေးကင်းရေးအား အဓိကဦးစားပေးလုပ်ဆောင်ရမည်ဟုလည်းညွှန်ကြားခဲ့သည်ဟုသိရှိရသည်။

ကျုံချင်းပြည်နယ်အနီးရှိ စီချွမ်ပြည်နယ်၌လည်း လူပေါင်း ၄ သိန်း ၆ သောင်းခန့် မိုးကြီးမှုဒဏ်ကိုခံစားခဲ့ရပြီး လူပေါင်း ၈၅,၀၀၀ ခန့် နေရပ်စွန့်ခွာတိမ်းရှောင်သွားကြရပြီဖြစ်ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

ရုပ်ကြွင်းလောင်စာအများအပြားအသုံးပြုမှုကြောင့် ရာသီဥတုဖောက်ပြန်မှုများဖြစ်ပေါ်လာကာ ရေကြီးခြင်း၊အပူချိန်အလွန်မြင့်တက်ခြင်းများဖြစ်လေ့ရှိကြောင်းသိပ္ပံပညာရှင်များကပြောကြားခဲ့သည်။

ကျုံချင်း၌ရေကြီးနေသော်လည်း ပေကျင်းရှိကျန်ပြည်နယ်အချို့၌ အပူချိန်မြင့်တက်မှုများဖြစ်ပေါ်နေသဖြင့် အိမ်တွင်း၌သာနေထိုင်ကြရန် ပြည်သူများအားသတိပေးချက်ထုတ်ပြန်ထားရသည်ဟုသိရှိရသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here