မြန်အောင်မြို့ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၉)အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်

0
118

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၉ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃)နာရီ၊ (၄၂)မိနစ်၊ (၂၈) စက္ကန့်အချိန် တွင် ပြည်မြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် (၃၃) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (မြန်အောင်မြို့၏ မြောက်-အနောက်မြောက်ဘက် (၃) မိုင် ခန့်အကွာ)၊ မြောက်လတ္တီ တွဒ် (၁၈.၃၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၃၁)ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

ထို့ပြင် ဇူလိုင်လ (၅) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၄)နာရီ၊ (၁၇)မိနစ်၊ (၂၈)စက္ကန့် အချိန်တွင် စစ်တွေမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် (၇၉) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ပလက်ဝမြို၏ အရှေ့-အရှေ့တောင်ဘက် (၂၅) မိုင်ခန့်အကွာ)၊ မြောက်လတ္တီ တွဒ် (၂၁.၂၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၂၃) ဒီဂရီ၊ အနက် (၆၄) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၄) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးဇလက ထုတ်ပြန်ကြေညာခဲ့သည်။

ဇူလိုင်လ ၄ ရက်၊ နေ့လည် ၁ နာရီ ၅၅ မိနစ် ၄၀ စက္ကန့်ကလည်း ကချင်ပြည်နယ်၊ တနိုင်းမြို့၏ အနောက်-အနောက်မြောက်ဘက်(၃၈) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ်(၂၆ ဒသမ ၅၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၆ ဒသမ ၁၅)ဒီဂရီ၊ အနက်(၇၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး(၄ ဒသမ ၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်းလည်း မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here