အောက်ဆီဂျင် ရှုရန်လိုအပ်နေသည့်လူနာအား အောက်ဆီဂျင်စက်လှူဒါန်း​ပေးခဲ့တဲ့ ဦးဇေသီဟနဲ့နန္ဒာ လှိုင်

0
584

ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ လူနာမှာ အောက်ဆီဂျင်ရှူရန်လိုအပ်နေတဲ့အတွက်ဦးဇေသီဟနဲ့နန္ဒာလှိုင် တို့မှကွယ်လွန်သူဖခင်ဦးချိန်လှိုင်အားရည်စူးပြီး ယနေ့ ဇူလိုင်လ ၆ ရက်နေ့မှာရန်ကုန်ဆေးရုံကြီးထံမှာအောက်ဆီဂျင်စက်လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

အဆိုပါလှူဒါန်းမှုနဲ့ပတ်သက်ပြီးစိန်ဖြိုးလှိုင်နဲ့ရီရီပွင့်ဖြူတို့မှကိုယ်စားလှူပေးခဲ့ကာအခုလို လှူဒါန်းမှုနဲ့ပတ်သက်ပြီး စိန်ဖြိုးလှိုင်က

“ဆေးရုံဆင်းပြီးအောက်ဆီဂျင်ဆက်ရှူဖို့လိုအပ်တဲ့လူနာအတွက် ရန်ကုန်ဆေးရုံကြီးမှ မဆင်းခင် အောက်ဆီဂျင်စက်သွားလှူခဲ့ပါတယ်။ ကွယ်လွန်သူ အဖ ဦးချိန်လှိုင်အားရည်စူးပြီး ကိုဇေနဲ့ မနန္ဒာ မှ လှူဒါန်းတာပါ။” လို့သူလက်ရှိအသုံးပြုနေတဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here