နှစ်ရက်ကြာပျောက်ဆုံးနေသည့် ရေဖြူမြို့မှ သုံးနှစ်သမီးကို ရေနစ်သေဆုံးလျက် ပြန်လည်တွေ့ရှိ

0
154

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ သဲချောင်းရွာမှ နှစ်ရက်အကြာပျောက်ဆုံးနေသည့် သုံးနှစ်အရွယ်သမီးငယ်ကို ယနေ့ ဇူလိုင်လ ၆ ရက်၊ နံနက် ၁၀ နာရီခန့်က ရေနစ်သေဆုံးလျက် ပြန်လည်တွေ့ရှိကြောင်း မိသားစုထံမှ သိရသည်။

သုံးနှစ်အရွယ်သမီးငယ်၏ အလောင်းကို နေအိမ်နှင့် မနီးမဝေး လယ်ကွင်းအတွင်း ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့ ၊ မွန်းလွဲပိုင်းက မိခင်ဖြစ်သူသည် ကလေးငယ်နှင့်အတူရှိနေစဉ် ကလေးငယ်အား ဖုန်းတစ်လုံးဖြင့်ထားခဲ့ကာ နွားသွားရှာခဲ့ကြောင်းနှင့် အိမ်သို့ပြန်ရောက်ချိန်တွင် ဖုန်းကိုသာတွေ့ရပြီး ကလေးငယ်မှာ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

” ကလေးက သာမန်ရေနစ်ပြီး သေဆုံးတာပဲဖြစ်ပါတယ်။ သူ့အမေ နောက်လိုက်သွားရင်း ရေမြောင်းထဲကိုကျပြီးဆုံးသွားတာပေါ့” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

ကလေးငယ်၏ ရုပ်အလောင်းကိုသေဆုံးလျက် ပြန်လည်တွေ့ရှိသည့်အတွက် ကံပေါက်တိုက်နယ်ဆေးရုံသို့ သယ်ဆောင်သွားခဲ့ပြီး ဆရာဝန်ရဲ့ဆေးစစ်ချက်အဖြေကိုရယူပြီးနောက် ရွာသုသာန်တွင်ပင် နေ့ချင်းသဂြိုလ်ပေးလိုက်ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

ပုံစာ – ရေနစ်သေ‌ဆုံးသွားရရှာသည့် သမီးငယ် မနဒီ ရွှေစင်


LEAVE A REPLY

Please enter your comment!
Please enter your name here