အရာတော်မြို့နယ်ရှိ ငွေတွင်းကျေးရွာအတွင်းသို့ PDF အဖွဲ့ဝင်များက လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ် ၊ အရပ်သား (၁၅) ဦးသေဆုံး၊ သံဃာတော် (၃) ပါး အပါအဝင် (၇) ဦး ဒဏ်ရာရ

0
404

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာအတွင်းသို့ ဇူလိုင်လ ၅ ရက်၊ နံနက်ပိုင်းက PDF အဖွဲ့ဝင်များက လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့၍ ဒေသခံအရပ်သား (၁၅) ဦးသေဆုံးကာ သံဃာတော် (၃) ပါးအပါအဝင် (၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နစက၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

PDF အဖွဲ့ဝင်များသည် ငွေတွင်းကျေးရွာအတွင်းသို့ ကျေးရွာ၏ အရှေ့တောင်ဘက်မှနေ၍ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

ထိုသို့ပစ်ခတ်မှုကြောင့် ဒေသခံအရပ်သား ၁၅ ဦးမှာ လက်လုပ်စိန်ပြောင်းဗုံးစများထိမှန်၍ သေဆုံးသွားခဲ့ပြီး သံဃာတော် (၃) ပါးနှင့် ဒေသခံအရပ်သား (၄) ဦး(စုစုပေါင်း ၇ ဦး)တို့တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက မုံရွာမြို့၊ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များက ငွေတွင်းကျေးရွာအတွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့သူများအား ဖမ်းဆီးရမိရေးနှင့် ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here