မြန်မာ့လယ်ယာထွက်ကုန်များ တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့နိုင်ရေး ဆွေးနွေး

0
107

မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်ပစ္စည်းများကို တောင်ကိုရီးယားနိုင်ငံသို့ တရားဝင်တင်ပို့နိုင်ရေးအတွက် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)မှ တာဝန်ရှိသူများနှင့် တောင်ကိုရီးယားနိုင်ငံ Korea Foods Industry Development Association မှ တာဝန်ရှိသူများ ဆွေးနွေးမှုပြုလုပ်ထားကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဇူလိုင်လ ၅ ရက်က တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ မြန်မာသံရုံးတွင် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် Korea Foods Industry Development Association (KFIDA) ဥက္ကဋ္ဌ မစ္စတာ ခရစ်စ်တို ဖီကင်မ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံမှုတွင် မြန်မာ့လယ်ယာထွက်ကုန်များကို တောင်ကိုရီးယားနိုင်ငံသို့ တရားဝင်တင်ပို့နိုင်ရေးနှင့် မြန်မာ့ လယ်ယာထွက်ကုန်များကို ဝယ်ယူတင်သွင်းရန်အတွက် ကိုရီးယားစီးပွားရေးကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံသို့ ယခုနှစ် နိုဝင်ဘာလအတွင်း လာရောက်နိုင်ရန် အစရှိသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းအပြင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးတက်စေရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here