မြန်မာနှင့် အာဆီယံနိုင်ငံများအကြား၂လတာ ကုန်သွယ်မှုတန်ဖိုး (၁) ဘီလျံကျော် ပြုလုပ်ထား

0
158

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီလမှ မေလအထိ နှစ်လတာကာလအတွင်း အာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၁ ဘီလျံကျော်ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပို့ကုန် ပမာဏမှာ အမေရိကန်ဒေါ်လာ ၉၀ ဒသမ ၄၀၇ သန်းရှိပြီး သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၂ ဘီလျံကျော်ရှိကာ သွင်းကုန်တန်ဖိုးမှာ ပို့ကုန်တင်ပို့မှုထက် ပိုမိုရရှိထားကြောင်း စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံနှင့် အဓိကကုန်သွယ်ဖက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှာ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင် ၊ လာအို၊ ဘရူနိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ဖြစ်ပြီး ယင်းတို့အနက် စင်ကာပူနိုင်ငံနှင့် ကုန်သွယ်မှု အများဆုံးပြုလုပ်ထားကြောင်း သိရသည်။

အဆိုပါနိုင်ငံများသို့ မြန်မာနိုင်ငံမှ အဓိကတင်ပို့သည့် ပို့ကုန်ပစ္စည်းများမှာ စိုက်ပျိုးရေး၊ ရေထွက်ကုန်ပစ္စည်းနှင့် တွင်းထွက်ပစ္စည်းများ ဖြစ်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here