မုန်တိုင်းဒဏ်သင့် ရသေ့တောင်မြို့နှင့် ပေါက်တောမြို့တွင် လျှပ်စစ်မီးများပြန်လည်ရရှိ

0
160

မိုခါမုန်တိုင်းကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ရသည့် ရခိုင်ပြည်နယ်ရှိ ရသေ့တောင်မြို့နှင့် ပေါက်တော မြို့များတွင် ဇူလိုင်လ ၅ ရက်မှစတင်၍ လျှပ်စစ်ဓာတ်အား ပုံမှန်အတိုင်း ပြန်လည်ဖြန့်ဖြူးပေးနိုင်ပြီဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

ဇူလိုင်လ ၅ ရက် မွန်းလွဲပိုင်းမှစပြီး ရသေ့တောင်မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်နှင့် ကျေးရွာ (၁) ရွာ၊ ပေါက်တော မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်ရှိ ပြည်သူများအတွက် ပုံမှန်အတိုင်း လျှပ်စစ်ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မုန်တိုင်းဒဏ်ကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ရသည့် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၀ မြို့နယ်အနက်မှ ၈ မြို့နယ်တွင် လျှပ်စစ်ဓာတ်အား ပုံမှန်အတိုင်း ပြန်လည်ဖြန့်ဖြူးပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။

ကျန်ရှိနေသေးသည့်မြို့နယ်( ၂) မြို့နယ်ကိုလည်း လျှပ်စစ်ဓာတ်အား အမြန်ဆုံး ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here