ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်အတွက် လာရောက်လျှောက်ထားသူ (၅၀,၀၀၀) ကျော်ရှိ

0
151

မြန်မာနိုင်ငံအတွင်း ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် တရားဝင်စတင်လိုက်သည့် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့မှ စတင်ကာ အမှတ်တံဆိပ် မူပိုင်ခွင့် လာရောက်လျှောက်ထားသူ (၅၀,၀၀၀)ကျော်ရှိကြောင်း မူပိုင်ခွင့်ဦးစီးဌာနမှ သိရသည်။

ပြည်တွင်း/ပြည်ပရှိ ရင်းနှီးမြှုပ်နှံသူများအတွက် ကုန်အမှတ်တံဆိပ်များ၊ ထုတ်ကုန်အမှတ်တံဆိပ်များ၊ နည်းပညာနှင့် ဒီဇိုင်းဆိုင်ရာ အမှတ်တံဆိပ်များ၊ စာပေအနုပညာဆိုင်ရာ အမှတ်တံဆိပ်များကို အကာအကွယ်ပေးနိုင်ရန်အတွက် မူပိုင်ခွင့်ဥပဒေများကို ယခုနှစ်မှစတင်ကာ ပြဋ္ဌာန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူပိုင်ခွင့်ဥပဒေ (၄)ခုအနက် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ အာဏာသက်ဝင်ပြီးနောက် တရားဝင်စတင် လက်ခံဆောင်ရွက်လျက်ရှိရာ Online မှ လျှောက်ထားသူနှင့် ရုံးသို့ လာရောက်လျှောက်ထားသူ စုစုပေါင်း (၅၀,၀၀၀) ကျော် ရှိကြောင်း သိရသည်။

အဆိုပါ ကုန်ပစ္စည်းအမှတ်တံဆိပ် မူပိုင်ခွင့်ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၆) ရက်တွင် တရားဝင်စတင်ခဲ့ခြင်းဖြစ်ပြီး ယင်းအမှတ်တံဆိပ်မူပိုင်ခွင့်ရရှိနိုင်ရန် မူပိုင်ခွင့်ကိုယ်စားလှယ်များဖြစ်သည့် အေးဂျင့်များမှတဆင့် လျှောက်ထားနိုင်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here