၄၅ ပွဲဆက်ရှုံးပွဲမရှိစံချိန်ဖြင့် မြန်မာနေရှင်နယ်လိဂ် ရာသီဝက်ချန်ပီယံဖြစ်ခဲ့သည့် ရှမ်းယူနိုက်တက်

0
205

Myanmar National League 2023 ပထမအကျော့အပြီးတွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် ၄၅ ပွဲဆက်ရှုံးပွဲမရှိစံချိန်ဖြင့် မြန်မာနေရှင်နယ်လိဂ် ရာသီဝက်ချန်ပီယံဖြစ်ခဲ့သည်။

ရှမ်းယူနိုက်တက်သည် ရမှတ် (၂၉) မှတ်ဖြင့် အဆင့်(၁)၊ ရန်ကုန်ယူနိုက်တက်အသင်းက တစ်ပွဲလျော့ ရမှတ် (၂၅) မှတ်ဖြင့် အဆင့်(၂)၊ အား/ကာသိပ္ပံအသင်းက တစ်ပွဲလျော့ ရမှတ် (၂၀)မှတ်ဖြင့် အဆင့်(၃) နေရာများတွင် အသီးသီး ရပ်တည်လျက်ရှိသည်။

အမှတ်ပေးဇယား၏ အဆင့်(၁၀) နေရာတွင် ကချင်ယူနိုက်တက်၊ အဆင့်(၁၁) နေရာတွင် ဧရာဝတီယူနိုက်တက်အသင်းနှင့် အဆင့်(၁၂) နေရာတွင် ဂျီအက်ဖ်အေအသင်းတို့က အမှတ်ကွာဟမှု ကျဉ်းမြောင်းစွာဖြင့် အစဥ်လိုက်ရပ်တည်လျက်ရှိသည်။

ရှမ်းယူနိုက်တက်သည် မြန်မာနေရှင်နယ်လိဂ်၂၀၁၉၊၂၀၂၀၊ ၂၀၂၂ သုံးနှစ်ဆက်ချန်ပီယံဖြစ်ပြီး ၂၀၂၀ ခုနှစ်က ဧရာ၀တီယူနိုက်တက်ကို ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ပြီး နောက်ပိုင်း မြန်မာနေရှင်နယ်လိဂ်တွင် ယနေ့အချိန်ထိ ၄၅ ပွဲဆက် ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားနိုင်သည့် အသင်းလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here