ကိုလိုနီခေတ်က သိမ်းယူထားသော သီရိလင်္ကာနှင့် အင်ဒိုနီးရှားမှ ရတနာများကို နယ်သာလန် ပြန်လည်ပေးအပ်မည်

0
143

နယ်သာလန်နိုင်ငံရှိ ပြတိုက်နှစ်ခုသည် ကိုလိုနီခေတ်က အဓမ္မ သိမ်းယူထားသော အင်ဒိုနီးရှားနှင့် သီရိလင်္ကာမှ လက်ဝတ်ရတနာမျိုးစုံ၊ အဖိုးတန်သတ္တုများနှင့် ကျကျနန အလှဆင်ထားသော အမြောက်တစ်လက်ကို ၎င်းနိုင်ငံများထံ ပြန်လည် လွှဲပြောင်းပေးသွားမည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။

အင်ဒိုနီးရှားနှင့် သီရိလင်္ကာ နှစ်နိုင်ငံစလုံးသည် ယခင်က ဒတ်ချ် ခေါ် နယ်သာလန်၏ လက်အောက်ခံနိုင်ငံများ ဖြစ်ခဲ့ဖူးသည်။

နယ်သာလန်အစိုးရသည် အဆိုပါနိုင်ငံများမှ သိမ်းယူထားသော ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်း ၄၇၈ ခုကို ပြန်လည်ပေးအပ်ရန် စီစဉ်ထားကြောင်း ဇူလိုင်လ ၆ ရက် ကြာသပတေးနေ့တွင် ကြေညာခဲ့သည်။

“ဒါဟာ သမိုင်းဝင် အခိုက်အတန့်ပါပဲ။ ကိုလိုနီခေတ်မှ ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းများ ပြန်လည်ပေးအပ်ခြင်းဆိုင်ရာ အကြံပေးကော်မတီရဲ့ အကြံပြုချက်အရ နယ်သာလန်မှာ ရှိမနေသင့်တဲ့ အရာဝတ္ထုတွေကို ပထမဆုံးအကြိမ် ပြန်လည်ပေးအပ်နေပါတယ်” ဟု နယ်သာလန်၏ ယဉ်ကျေးမှုနှင့် ပြန်ကြား‌ရေးဝန်ကြီး ဂိုင်း အူစလူ က ပြောသည်။

အင်ဒိုနီးရှားမှ သိမ်းယူထားသော ပစ္စည်းများကို ဇူလိုင်လ ၁၀ ရက်နေ့တွင် လိုင်ဒန် မြို့ရှိ ဗော့ကန်ကွန်းဒဲ့ ပြတိုက်၌ အခမ်းအနား ကျင်းပကာ တရားဝင် လွှဲပြောင်းပေးရန် စီစဉ်ထားသည်။

source: Nbc News


LEAVE A REPLY

Please enter your comment!
Please enter your name here