ဖူကူရှီးမားရေစွန့်ထုတ်မှုကြောင့် ဂျပန်အစားအစာအချို့တင်သွင်းမှုအား တရုတ်တင်းကြပ်

0
148

ပေကျင်း၊ဇူလိုင် ၇

တရုတ်နိုင်ငံအနေဖြင့် ဖူကူရှီးမားစက်ရုံမှ ရေဒီယိုသတ္တိကြွသန့်စင်ရေများအား ပင်လယ်ထဲသို့စွန့်ထုတ်မည်ဟူသော ဂျပန်နိုင်ငံ၏ဆုံးဖြတ်ချက်ကြောင့် ဂျပန်၏ စားနပ်ရိက္ခာတင်ပို့မှုအား စိစစ်တင်းကျပ်သွားမည်ဖြစ်ပြီး ဂျပန်သွင်းကုန်အချို့ကိုလည်းတားမြစ်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ၏အဆိုပါဆုံးဖြတ်ချက်အား ကုလသမဂ္ဂနျူစောင့်ကြည့်ရေးအဖွဲ့က အင်္ဂါနေ့ကအတည်ပြုပေးခဲ့ပြီး ပြည်တွင်းပြည်ပမှကန့်ကွက်မှုများပြုလုပ်ခဲ့သော်လည်း ဂျပန်နိုင်ငံအနေဖြင့် ၎င်းတို့၏ရေဆိုးထုတ်လွှတ်မှုသည် လုံခြုံစိတ်ချရပြီး ကမ္ဘာ့အဆင့်နှင့်အညီလုပ်ဆောင်ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

ဂျပန်ပို့ကုန်များအနက် ပင်လယ်စာအပါအဝင် ကျန်ပို့ကုန်များအားစောင့်ကြည့်မှုတင်းကျပ်ထားပြီး ဂျပန်ပြည်နယ်ငါးပုံတစ်ပုံမှ အချို့ထုတ်ကုန်များအား ဘေးကင်းလုံခြုံရေးအကြောင်းပြချက်ဖြင့် ခေတ္တတားမြစ်ထားကြောင်း တရုတ်အကောက်ခွန်ဌာနကပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ် ဖူကူရှီးမားဘေးစတင်ဖြစ်ဖြစ်ချင်းအချိန်ကလည်း တရုတ်နိုင်ငံသည် ဂျပန်နိုင်ငံ၏ပြည်နယ်ငါးခုမှ အစားအစာနှင့်လယ်ယာထွက်ကုန်တင်သွင်းမှုကိုရပ်ဆိုင်းခဲ့ပြီးနောက် ပြည်နယ် ၁၂ ခုအထိ သွင်းကုန်တားမြစ်မှုတိုးချဲ့ပြုလုပ်ခဲ့ဖူးသည်ဟုလည်းသိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here