မာဒါဂါစကာနိုင်ငံ၌ မြန်မာသင်္ဘောသား (၂) ဦးဖမ်းဆီးခံရကာ ထောင်ဒဏ် (၂၅) နှစ်အထိ ချမှတ်ခံထားရ

0
193

မှောင်ခိုသင်္ဘောဖြင့် လိုက်ပါမိခဲ့ရာမှာ မြန်မာနိုင်ငံသား သင်္ဘောသား (၂) ဦး မာဒါဂါစကာနိုင်ငံ၌ ဖမ်းဆီးခံရကာထောင်ဒဏ် (၂၅) နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံထားရကြောင်း မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားများ အလုပ်သမားအဖွဲ့ချုပ် (MSF) ထံမှ သိရသည်။

အဆိုပါ မာဒါဂါစကာနိုင်ငံတွင် ထောင်ဒဏ် (၂၅) နှစ်အထိ ပြစ်ဒဏ်ကျခံနေရသည့် မြန်မာနိုင်ငံသား (၂) ဦးမှာ မောင်ရန်နောင်စိုးနှင့် မောင်ထွန်းနောင်တို့ဖြစ်ကြောင်း သိရသည်။

၎င်းတို့ (၂) ဦးသည် ပြည်တွင်းရှိ သင်္ဘောသား အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီမှ မှောင်ခိုသင်္ဘောဖြင့် တင်ပေးခြင်းကို ခံခဲ့ရသည့်အတွက် မာဒါဂါစကာနိုင်ငံသို့အရောက်တွင် မှောင်ခိုဝင်ရောက်မှုဖြင့် ဖမ်းဆီးခံခဲ့ရကာ ပုဒ်မ (၂) ခုဖြင့် စွဲချက်တင်ခံရပြီး ပြီးခဲ့သည့် ဇွန်လအတွင်းက ထောင်ဒဏ် (၂၅) နှစ်အထိ ချမှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခံထားရသည့် မြန်မာသင်္ဘောသား(၂) ဦး လွတ်မြောက်ရေးအတွက် MSF အပါအဝင် ပြည်တွင်း၌ ဖွဲ့စည်းထားသည့် သင်္ဘောသားအဖွဲ့အစည်းများမှ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး မြန်မာနိုင်ငံသား သင်္ဘောသား (၂) ဦး လွတ်မြောက်ရေးအတွက် ရန်ပုံငွေ အလှူငွေများကောက်ခံလျက်ရှိကာ လက်ရှိတွင် ကျပ်သိန်း ၅၀၀ ကျော် ရရှိထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here