ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် Honda ODYSSEY အမျိုးအစား အဖြူရောင်ယာဉ်(၁)စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသံဘယ်ရီယာတုံးများအား ဝင်တိုက်မှု ယနေ့ ဇူလိုင်လ ၈ ရက်၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ယာဉ်တိုက်မှုမှာ အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၀၅/၃) နှင့် (၃၀၅/၄) အကြားတွင် ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ရာ သီကုန်းအမြန်လမ်းမီးသတ်စခန်းမှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၅)ဦး၊ အမျိုးသမီး(၄)ဦးနှင့် ကလေး(၁)ဦး စုစုပေါင်း (၁၀)ဦးအနက် အမျိုးသား (၁)ဦး သေဆုံးပြီး အမျိုးသား (၃)ဦး အမျိုးသမီး(၂)ဦးနှင့် ကလေး(၁)ဦး စုစုပေါင်း (၆)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)ခဲ့သည့်အတွက် 192 အမြန်လမ်းလူနာတင်ယာဉ်ဖြင့် မိတ္ထီလာဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။