ကျန်းမာရေးဝန်ကြီးဌာနသို့ အမေရိကန်ဒေါ်လာ (၁) သန်းကျော်တန်ဖိုးရှိ အောက်ဆီဂျင်ထုတ်စက် အလုံး (၈၀၀) ခန့် လှူဒါန်း

0
170

ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများတွင် အသုံးပြုရန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂သန်းတန်ဖိုးရှိ အောက်ဆီဂျင်ထုတ်စက် (Oxygen Concentrator) အလုံး (၈၀၀) ခန့်အား လှူဒါန်းခဲ့ကြောင်းသိရသည်။

အဆိုပါ အောက်ဆီဂျင်ထုတ်စက်များအား ဇူလိုင်လ ၇ ရက်၊ မွန်းလွဲပိုင်းက Guangdon Bolison Technology Co.,Ltd နှင့် Myanmar Royal Fortune Co.,Ltd တို့မှလှူဒါန်းခြင်းဖြစ်ပြီး လှူဒါန်းမှုကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက ယခုလှူဒါန်းသည့် အောက်ဆီဂျင်ထုတ်လုပ်စက်များသည် ကိုဗစ်-၁၉ရောဂါအပြင် အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများနှင့် အောက်ဆီဂျင်လိုအပ်သည့် အခြားရောဂါများအတွက်ပါ များစွာအသုံးဝင်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ယခုလှူဒါန်းမှုမှရရှိလာသည့် အောက်ဆီဂျင်ထုတ်စက်များအား ကျေးလက်ဒေသရှိ ကျေးလက်ကျန်းမာရေးဌာနများနှင့် ပြည်သူ့ဆေးရုံများအရောက် အမြန်ဆုံး ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ထို့အတူ Guangdon Bolison Technology Co.,Ltd တည်ထောင်သူနှင့် ဦးဆောင်ညွှန်ကြားရေးမှူး Mr. Li Bao Xing တို့ကလည်း ယခုလှူဒါန်းမှုမှာ ရပ်ဝန်းတစ်ခုလမ်းကြောင်းတစ်ခု(One Belt One Road)ဒေသတွင်းတည်ရှိသည့် မြန်မာနိုင်ငံအတွက် ကုမ္ပဏီ၏လူမှုဖူလုံရေးလုပ်ငန်း (Corporate Social Responsibility)အရ လှူဒါန်းမှုတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here