Cluster ဗုံးများကို ယူကရိန်းသို့ ပေးပို့မည်ဟု အမေရိက အတည်ပြု

0
154

အမေရိကန်နိုင်ငံသည် လူအစုအပြုံလိုက် သေဆုံးစေနိုင်သော Cluster ဗုံးများကို ရုရှားအား တန်ပြန်တိုက်စစ်ဆင်ရာ၌ အသုံးပြုရန်အတွက် ယူကရိန်းသို့ ပေးပို့သွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၇ ရက် သောကြာနေ့တွင် ကြေညာခဲ့သည်။

အဆိုပါ ဗုံးများကို ယူကရိန်းသို့ ပို့ပေးမည့် ဒေါ်လာ သန်း ၈၀၀ တန် လုံခြုံရေးဆိုင်ရာ ပတ်ကေ့ချ်၌ ထည့်သွင်းပေးသွားမည် ဖြစ်သည်။ ဝါရှင်တန်၏ အဆိုပါ ဆုံးဖြတ်ချက်သည် လူ့အခွင့်ရေးအဖွဲ့များနှင့် ကုလသမဂ္ဂအဖို့ စောဒက တက်စရာ ဖြစ်ခဲ့သည်။

ထိုဗုံးများကို နိုင်ငံပေါင်း ၁၀၀ ကျော်က အသုံးမပြုရန်အတွက် တားမြစ်ထားသည်။ အကြောင်းရင်းမှာ Cluster ဗုံးသည် ပစ်လွှတ်လိုက်သည့်အခါ ၎င်းထဲရှိ ဗုံးသီးအများအပြားကို ထုတ်လွှတ်ပေးခြင်းဖြင့် နေရာအကျယ်ကြီးသို့ ပြန့်သွားကာ တွေ့မြင်ရာလူမ‌ရွေးကို သေဆုံးစေသည်။ ထို့ပြင် ပေါက်ကွဲမသွားသော ဗုံးသီးများသည် စစ်ပွဲလွန်ကာလ၌ မြေမြှုပ်မိုင်းများကဲ့သို့ ပြည်သူများအား အန္တရာယ်ပေးနိုင်ပေသည်။

ယူကရိန်းကမူ ထိုဗုံးများအား အရပ်သားများအတွက် အန္တရာယ်မဖြစ်စေရန် အလွန်သတိထား၍ အသုံးပြုသွားမည်ဟု အာမခံထားသည်။

ဘိုင်ဒင်က Cluster ဗုံးများ ထောက်ပံ့ရန် ဆုံးဖြတ်ချက်သည် အလွန်ခက်ခဲသော်လည်း ယူကရိန်းက လိုအပ်နေကြောင်း ပြောခဲ့သည်။ ပင်တဂွန်စစ်ဌာနချုပ်က တန်ပြန်ထိုးစစ်ခါနီးမှ ပေးပို့သွားမည်ဟု သတင်းထောက်များအား ပြောထားသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here