နိုင်ငံရေးပါတီအဖြစ် ခူမီးအမျိုးသားပါတီ မှတ်ပုံတင်ခွင့်လျှောက်ထား

0
167

နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်ပြုထားပြီးဖြစ်သည့် ခူမီးအမျိုးသားပါတီအနေဖြင့် ဇူလိုင်လ ၇ ရက်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်လျှောက်ထားလာခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

အဆိုပါ ပါတီ၏ လျှောက်ထားမှုနှင့်ပတ်သက်ပြီး မှတ်ပုံတင်ခွင့်ပြုနိုင်ရေး စိစစ်ဆောင်ရွက်နေကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပါတီတည်ထောင်ခွင့်ပြုပြီး ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်လျှောက်ထားရမည်ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီအသစ်တည်ထောင်ခွင့်လျှောက်ထားသည့် (၁၃) ပါတီအနက်မှ (၈) ပါတီကို ခွင့်ပြုထားပြီး (၁) ပါတီကို ငြင်းပယ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here