မုန်တိုင်းဒဏ်သင့်ဒေသများသို့ အကူအညီပေးနိုင်ရန် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရာရှိများ လာရောက်ဆွေးနွေး

0
133

ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ်သင့်ဒေသများသို့ အကူအညီပေးနိုင်ရန် မြန်မာနိုင်ငံသို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရာရှိများ လာရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးမှုကို ဇူလိုင်လ ၇ ရက်၊ မွန်းလွဲ ၂ နာရီက နေပြည်တော်၌ ပြုလုပ်ခဲ့ပြီး မုန်တိုင်းဒဏ်သင့်ပြည်သူများကို အကူအညီပေးအပ်ရေးနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Ramanathan Balakri- shnan ၊ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ယာယီအကြီးအကဲ Ms. Danielle Parry တို့ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်က Mr. Ramanathan Balakri- shnan နှင့် UNOCHA ယာယီအကြီးအကဲ Ms. Danielle Parry တို့အား လက်ခံတွေ့ဆုံခဲ့ပြီး မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် ထိရောက်မှုရှိစေရန် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here