ယူကရိန်းကို Cluster ဗုံးများ ပေးအပ်ရန် ဘိုင်ဒင်၏ပြောကြားချက်ကို ဗြိတိန်က လိုက်နာမှာ မဟုတ်ဟု ဆွန်းနက်ဆို

0
345

Cluster ဗုံးများ ယူကရိန်းသို့ ပေးမည်ဟု သမ္မတဂျိုးဘိုင်ဒင်က သဘောတူပြီးနောက် တစ်ရက်အကြာတွင် Cluster ဗုံးများ အသုံးပြုခြင်းကို ဗြိတိန်က တားမြစ်ထားသဖြင့် အတ္တလန်တိတ်ဖြတ်ကျော်မဟာမိတ်များက ပူးပေါင်းလုပ်ဆောင်မည်မဟုတ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဆွန်းနက်က ပြောကြားခဲ့သည်။

လာမည့် သီတင်းပတ်နှောင်းပိုင်းတွင် လစ်သူယေးနီးယားမြို့တော် Vilnius ၌ကျင်းပမည့် နေတိုးထိပ်သီးအစည်းအဝေးသို့ မသွားရောက်မီ အမေရိကန်သမ္မတ၏ဗြိတိန်သို့ အလည်အပတ်ခရီးတိုအတွင်း ၎င်းတို့နှစ်ဦးတွေ့ဆုံသည့်အခါ ဗြိတိန်ဝန်ကြီးချုပ်သည် ဘိုင်ဒင် ယင်းကိစ္စကို ဆွေးနွေးမည်ဟု မျှော်လင့်ထားသည်။

ဗြိတိန်သည် ပဋိပက္ခများ ပြီးဆုံးပြီးနောက် ဆယ်စုနှစ်များစွာကြာပင် အရပ်သားများကို အစုလိုက်အပြုံလိုက် သေဆုံးစေသော Cluster ဗုံးများ အသုံးပြုမှု တားမြစ်ရေး နိုင်ငံတကာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားသည်။ သို့ရာတွင် အမေရိကန်ကမူ လက်မှတ်မထိုးထားချေ။

ကွန်ဗင်းရှင်းသည် “Cluster ဗုံးများ ထုတ်လုပ်ခြင်း သို့မဟုတ် အသုံးပြုခြင်းကို တားမြစ်ထားသည်” ဟု မစ္စတာဆွန်းနက်က စနေနေ့တွင် ပြောကြားခဲ့သည်။

အမေရိကန်နှင့် ဗြိတိန်တို့သည် ယူကရိန်းသို့ လက်နက်များ အကြီးမားဆုံး ပံ့ပိုးသူများဖြစ်ကြသော်လည်း ဆွန်းနက်နှင့် ဘိုင်ဒင်တို့သည် စစ်ပွဲများဖြစ်ပွားနေခြင်နှင့် ပတ်သက်၍ ကြီးမားသော သဘောထားကွဲလွဲမှု ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here