ရာချီသေဆုံးခဲ့ရသည့် အိန္ဒိယရထားမတော်တဆမှုအတွက် ဝန်ထမ်းသုံးဦးအားဖမ်းဆီးအရေးယူ

0
121

နူးဒေလီ၊ဇူလိုင် ၈

နိုင်ငံသမိုင်းတစ်လျှောက် အဆိုးရွားဆုံးမတော်တဆမှုဖြစ်ခဲ့ပြီး လူပေါင်းသုံးရာကျော်သေဆုံးခဲ့ရသည့် ရထားသုံးစီးဆင့်တိုက်ခဲ့မှုဖြစ်စဥ်အတွက် ဝန်ထမ်းသုံးဦးအားဖမ်းဆီးအရေးယူခဲ့ကြောင်းအိန္ဒိယရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ဇွန်လကဖြစ်ပွားခဲ့သော အဆိုပါဖြစ်စဉ်၌ ခရီးသည်တင်ရထားအား သတ္တုရိုင်းများတင်လာသည့်ရထားလာရာလမ်းသို့ မှားယွင်းလမ်းလွှဲမိရာမှ မတော်တဆမှုဖြစ်ပွားခဲ့ပြီး အဆိုပါရထားနှစ်စီးမှပြုတ်ထွက်သွားသောရထားတွဲသည် မျက်နှာချင်းဆိုင်မှလာနေသောအမြန်ရထား၏လမ်းကြောင်းပေါ် ရောက်ရှိသွားခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍မီးရထားဝန်ထမ်း သုံးဦးအား လူသတ်မှုနှင့်သက်သေအထောက်အထားများ ဖျက်ဆီးမှုတို့ဖြင့် ကြာသပတေးနေ့က စွဲချက်တင်ထားကြောင်း ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်အရ ၎င်းအမျိုးသားများသည် အချက်ပြအင်ဂျင်နီယာနှစ်ဦးနှင့် အိန္ဒိယမီးရထားလုပ်ငန်းတွင်လုပ်ကိုင်နေသော နည်းပညာရှင်တစ်ဦးဖြစ်ကြောင်းသိရှိရပြီး အသေးစိတ်အချက်အလက်များကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။

မတော်တဆမှုဖြစ်ချိန်၌ ခရီးသည်တင်ရထားနှစ်စီးသည် လူပေါင်း ၂,၀၀၀ ကျော်ကိုတင်ဆောင်လာခြင်းဖြစ်ပြီး ၎င်းတို့အနက် ၃၀၀ ကျော်သေဆုံးကာ လူပေါင်း ၈၅၀ ထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟုလည်းသိရသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here