သန္တာကျောက်တန်းကာကွယ်ရေးအသိ မြှင့်တင်သည့်အနေဖြင့် ရေအောက်ဖျော်ဖြေပွဲပြုလုပ်

0
129

ဘစ်ဂ်ပိုင်းကီး၊ဇူလိုင် ၉

ဖလော်ရီဒါကီးစ်ကျွန်းစု၌ ဇူလိုင် ၈ ရက်တွင်သန္တာကျောက်တန်းများအား ကာကွယ်ရေးအသိကို မြှင့်တင်သည့်အ‌နေဖြင့်ပြုလုပ်သည့်ဖျော်ဖြေပွဲသို့ ရေငုပ်သမားများနှင့် ရာနှင့်ချီသော snorkel ကစားသမားများလာရောက်နားထောင်ခဲ့ကြကြောင်းသိရသည်။(Snorkel – ရေအောက်အသက်ရှူပိုက်အသုံးပြုပြီးယှဉ်ပြိုင်ရသည့်အားကစားတစ်မျိုး)

အဆိုပါရေအောက်ဖျော်ဖြေပွဲအား Florida Keys ကျွန်းစု၏အမျိုးသားအဏ္ဏဝါဘေးမဲ့တောဟုခေါ်ဆိုသည့် Looe Key Reef ၌ပြုလုပ်ခဲ့ခြင်းဖြစ်သည်။၁၉၉၀ ပြည့်နှစ်ကစတင်တည်ထောင်ခဲ့သော အဆိုပါဘေးမဲ့တောသည် စတုရန်းမီတာ ၃,၈၀၀ ခန့်အားကာကွယ်ပေးထားသည်ဟုဆိုသည်။

ဖျော်ဖြေပွဲ၌ပါဝင်သူများသည် Looe Key ၏ ရောင်စုံအဏ္ဏဝါသက်ရှိများနှင့် သန္တာကျောက်တန်းများကြား တေးသီချင်းကိုနားဆင်ကြပြီး လှေပေါ်ရှိစက်ကိရိယာများနှင့်ရေစိုခံစပီကာများချိတ်ဆက်အသုံးပြုခဲ့ကြကြောင်းလည်းသိရသည်။

ယခုဖျော်ဖြေပွဲ၏အဓိကရည်ရွယ်ချက်မှာ သန္တာကျောက်တန်းများကာကွယ်ရေးအတွက်ဖြစ်သော်လည်း နားဆင်သူများအား ရေအောက်တေးဂီတဖျော်ဖြေရေးခံစားချက်အား အပြည့်အဝပေးနိုင်သည်ဟုလည်းဆိုထားပြီး ဖျော်ဖြေပွဲသည် လေးနာရီကျော်ကြာမြင့်သည်ဟုလည်းသိရသည်။

Source : AP


LEAVE A REPLY

Please enter your comment!
Please enter your name here