ကိုလမ်ဘီယာနှင့်ဘရာဇီးသမ္မတတို့ အမေဇုန်အားပူးပေါင်းကာကွယ်ရန်ကတိပြု

0
120

ဘိုဂိုတာ၊ဇူလိုင် ၉

ဘရာဇီးနှင့်ကိုလမ်ဘီယာသမ္မတ နှစ်ဦးသည် သစ်တောပြုန်းတီးမှုကို တိုက်ဖျက်ရန်နှင့် ကမ္ဘာ့အကြီးဆုံးနှင့် ဇီဝမျိုးစုံမိုးသစ်တောများကို ကာကွယ်ရန် ဒေသဆိုင်ရာညှိနှိုင်းဆွေးနွေးမှုတစ်ခုအား ကိုလမ်ဘီယာနိုင်ငံရှိ လက်တီဆီယာမြို့တွင် ဇူလိုင် ၈ ရက်ကပြုလုပ်ခဲ့ကြောင်းသိရသည်။

“ကျွန်‌တော့်အစိုးရအနေနဲ့ တရားမဝင်သစ်တောပြုန်းတီးမှုကို ၂၀၃၀ ပြည့်နှစ် အရောက်မှာပပျောက်အောင်လုပ်ဖို့ကတိပြုပါတယ်” ဟု ဒေသတွင်းနှင့်ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို တောင်းဆိုခဲ့သည့် ဘရာဇီးသမ္မတလူလာကပြောကြားခဲ့သည်။ 

“ဒါဟာ လာမယ့် Belem ထိပ်သီးအစည်းအဝေးမှာ အမေဇုန်နိုင်ငံတွေ အတူတကွလက်တွဲဆောင်ရွက်နိုင်တဲ့ ကတိကဝတ်တစ်ခုပါပဲ” ဟုလည်းဆိုခဲ့သည်။

ယင်းနောက်သမ္မတနှစ်ဦးစလုံးသည် ကမ္ဘာတစ်ဝန်း ရာသီဥတုပြောင်းလဲလာမှုကို တိုက်ဖျက်ရန် အဓိကသော့ချက်ဟုယူဆထားသည့် တောင်အမေရိကနိုင်ငံများအားထိန်းသိမ်းစောင့်ရှောက်ရန် ရန်ပုံ‌ငွေထောက်ပံ့ပေးဖို့ ချမ်းသာသောနိုင်ငံများကိုတောင်းဆိုခဲ့ကြသည်ဟုလည်းသိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here