“မိုခါ” မုန်တိုင်းဒဏ်သင့်ဒေသများအတွက် အလှူငွေကျပ်သိန်း ၁၃၀၀ ကျော်နှင့် ငွေကျပ်သိန်း ၂၉၀ ကျော်တန်ဖိုးရှိဆေးဝါးများလှူဒါန်း

0
153

မြန်မာနိုင်ငံရှိ “မိုခါ”မုန်တိုင်းဒဏ်သင့် ဒေသများအတွက် အလှူငွေကျပ်သိန်း ၁၃၀၀ ကျော်နှင့် ငွေကျပ်သိန်း ၂၉၀ ကျော်တန်ဖိုးရှိဆေးဝါးများအား ဇူလိုင် ၇ ရက်နေ့လည် ၃ နာရီက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန(DMC)၌ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ အလှူငွေနှင့်ဆေးဝါးများအား နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနှင့်ပြည်ပရှိ မြန်မာသံရုံး/အဖွဲ့ရုံး/ကောင်စစ် ဝန်ချုပ်ရုံးများ၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ၊မိတ်ဖက်နိုင်ငံခြား ကုမ္ပဏီများမှ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးကျော်မျိုးထွဋ်မှ အလှူငွေနှင့် ဆေးဝါးများအား ပေးအပ်လှူဒါန်းရာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဒါ်သက်သက်ခိုင်ကလက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here