ကျွမ်းကျင်စွာ မောင်းနှင်နိုင်မှ ယာဉ်မောင်းလိုင်စင်ထုတ်ပေးရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်မှာကြား

0
156

ယာဥ်မောင်းလိုင်စင် လျှောက်ထားဖြေဆိုပြီး ထုတ်ယူရာတွင် ကျွမ်းကျင်စွာ မောင်းနှင်နိုင်မှသာ ယာဥ်မောင်းလိုင်စင်ထုတ်ပေးရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းကမှာကြားသည်။

ဇူလိုင် (၈) ရက်မွန်းလွဲပိုင်းက ရန်ကုန်တိုင်းအစိုးရ အဖွဲ့ရုံးတွင်ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီနှင့် ဆပ်ကော် မတီ (၄) ခုတို့၏ ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ကောင်စီဝင်များ၏ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ၂၀၂၂ ခုနှစ် ကာလနှင့် နှိုင်းယှဉ်ပါက ယာဉ်တိုက်မှုနှင့်သေဆုံး၊ ဒဏ်ရာရရှိသူများလျော့နည်းကျ‌ဆင်းခဲ့ကြောင်း သိရသည်။

“မူးယစ်ပြီး မမောင်းကြဖို့၊ အရှိန်ပြင်း မမောင်းနှင်ကြဖို့၊ ကျွမ်းကျင်စွာ မောင်းနှင်နိုင်မှသာယာဉ်မောင်းလိုင်စင်ထုတ်ပေးဖို့တွေကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတွေက စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားကြရပါမယ်”ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းက ပြောသည်။

ယာဉ်တိုက်မှုနှုန်း လျော့နည်းစေရန် လက်တွေ့ကျကျပိုမိုတိုးမြှင့်ပူးပေါင်း၍ ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကာ မြေပြင်တွင် လုပ်ငန်းတာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲများမှလည်း ယာဉ်အန္တရာယ်၊ လမ်းအန္တ ရာယ်ကင်းရှင်းရေးကို ယခင်ထက်ပိုမိုကြိုးပမ်းဆောင်ရွက်ကြရမည်ဟု လည်း မှာကြားခဲ့သည်။

ယင်းအစည်းအဝေးတွင် တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီအတွင်းရေးမှူး ဦးသိန်းထွဋ်၊ စီမံခန့်ခွဲရေးဆပ်ကော်မတီ၊ ပညာပေးရေးနှင့်စစ်ဆေးအရေးယူရေးဆပ်ကော်မတီ၊ သုတေသနပြုရေးနှင့် ကျန်းမာရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီတို့မှ တာဝန်ရှိသူများက ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here