အိန္ဒိယ၌မုတ်သုန်မိုးကြောင့်ရေကြီးရေလျှံကာ ၁၅ ဦး ထက်မနည်းသေဆုံးဟုဆို

0
96

နူးဒေလီ၊ဇူလိုင် ၁၀

အိန္ဒိယနိုင်ငံနူးဒေလီမြို့၌ ဆယ်စုနှစ်များစွာအတွင်း စံချိန်တင်မိုးများခဲ့ပြီး အဆိုပါမုတ်သုန်မိုးကြောင့် အိန္ဒိယမြောက်ပိုင်းတွင် ရေကြီးမြေပြိုမှုများဖြစ်ပေါ်ကာ လူ ၁၅ ဦး ထက်မနည်း သေဆုံးခဲ့ပြီဖြစ်ကြောင်းသိရသည်။

နှစ်ပေါင်းလေးဆယ်အတွင်း စံချိန်တင်ပမာဏအဖြစ် မိုးရေချိန် ၁၅၃ မီလီမီတာအထိရှိခဲ့ပြီး မြို့၏လမ်းများပေါ်၌ရေဒူး‌လောက်အထိရှိနေခဲ့သည်။မိုးဆက်လက်ရွာသွန်းနိုင်သေးသဖြင့် နူးဒေလီ၌ကျောင်းများပါပိတ်ထားရန်ညွှန်ကြားထားရသည်ဟုဆိုသည်။

အိန္ဒိယမီဒီယာတစ်ခုဖြစ်သည့် The Press Trust of India (PTI) ၏ဖော်ပြချက်အရ နိုင်ငံမြောက်ပိုင်းရှိပြည်နယ်ခြောက်ခု၌ ၂၄ နာရီအတွင်း လူ ၁၅ ဦးသေဆုံးခဲ့ပြီဟုသိရသည်။

အိန္ဒိယမိုးလေဝသဌာန၏ခန့်မှန်းချက်အရ နိုင်ငံမြောက်ပိုင်း၌ မုတ်သုန်မိုးဆက်လက်အားကောင်းနေနိုင်ပြီး ၎င်းတို့၏ပြောကြားချက်အရ ယခုနှစ်ဇူလိုင်လမိုးရေချိန်သည် ယခင်နှစ်ထက် ၂ ရာခိုင်နှုန်းခန့်ပိုများကြောင်းလည်းသိရသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here