ချားစ်လ်ဘုရင် ၊ ဆူးနက်ခ်တို့နှင့် တွေ့ဆုံရန် ဗြိတိန်သို့ ဘိုင်ဒင် ရောက်ရှိ

0
166

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် သုံးနိုင်ငံခရီးစဉ်၏ ပထမဆုံး ခရီးအနေဖြင့် ဇူလိုင်လ ၉ ရက် တနင်္ဂနွေနေ့တွင် ဗြိတိန်နိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

လစ်သူယေးနီးယားနိုင်ငံရှိ နေတိုး ထိပ်သီးအစည်းအဝေးသို့ မတက်ရောက်မီ ဘိုင်ဒင်သည် ဗြိတိန်ဝန်ကြီးချုပ် ရီရှီ ဆူးနက်ခ်နှင့် ချားလ်စ်ဘုရင်တို့နှင့် တွေ့ဆုံသွားရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

ဘိုင်ဒင်သည် တနင်္လာနေ့တွင် ဆူးနက်ခ်နှင့် ဒေါင်းနင်းလမ်း၌ တွေ့ဆုံကာ လာမည့် နေတိုးအစည်းအဝေးနှင့် ယူကရိန်း အရေးအခင်းအကြောင်း ဆွေးနွေးမည်ဟု သိရသည်။

ဗြိတိန် ဧကရာဇ်ရုံး၏ အဆိုအရ ချားလ်စ်ဘုရင်သည် ဘိုင်ဒင်အား ဝန်ဆာ ရဲတိုက်တွင် အမြောက်များ ပစ်ခတ်ကာ အမေရိကန် နိုင်ငံတော်သီချင်းဖွင့်၍ ကြိုဆိုသွားမည်ဖြစ်သည်။ အိမ်ဖြူတော်က ဘိုင်ဒင်သည် ချားလ်စ်ဘုရင်နှင့် ရာသီဥတု ဆိုင်ရာ ပြဿနာများ အကြောင်းကို ဆွေးနွေးသွားမည်ဟု ပြောထားသည်။

ထို့နောက် ဘိုင်ဒင်သည် ဇူလိုင် ၁၁ ရက် နှင့် ၁၂ ရက်တွင် လစ်သူယေးနီးယားရှိ နေတိုးအစည်းအဝေးသို့ တက်ရောက်ပြီးနောက် မဟာမိတ် အဖွဲ့ဝင်အသစ်ဖြစ်သည့် ဖင်လန်နိုင်ငံသို့ အလည်အပတ်သွားရောက်မည် ဖြစ်သည်။

Source:WION


LEAVE A REPLY

Please enter your comment!
Please enter your name here