ပြည်တွင်းသို့ လာရောက်ရင်းနှီးမြှုပ်နှံရန် ရှန်းကျန့်မြို့မှကုမ္မဏီကို  မြန်မာကောင်စစ်ဝန်ချုပ် ဖိတ်ခေါ်

0
121

မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရန် ရှန်းကျန့်မြို့ရှိ Shenzhen Luyuan Intelligent Equipment ကုမ္ပဏီကို မြန်မာကောင်စစ်ဝန်ချုပ် ကဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၊ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်ဦးကျော်စိုးသိန်းသည် တရုတ်နိုင်ငံ၊ ကွမ်တုန်းပြည်နယ်၊ ရှန်းကျင့်မြို့၌ ဇွန်လ ၄ ရက်နှင့် ၅ ရက်တွင်ကျင်းပခဲ့သည့် China-ASEAN Industrial Partnering Forum သို့ တက်ရောက်ခဲ့သည့် ခရီးစဥ်အတွင်း၌ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

ယင်းခရီးစဉ်၌ မြန်မာကောင်စစ်ဝန်ချုပ်ဦးကျော်စိုးသိန်းသည် precision PCB, placement equipment, 3c special placement equipment , LED special equipment များထုတ်လုပ်သည့် Shenzhen Luyuan intelligent equipment Co., Ltd သို့သွားရောက်လေ့လာ၍ မြန်မာနိုင်ငံရှိ သီလဝါအထူးစီးပွားရေးဇုန်၌ လာရောက်ရင်းနှီးမြှုပ်နှံရန်ဖိတ်ခေါ်ခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံမှ China-ASEAN Industrial Partnering Forum သို့တက်ရောက်လာသည့် ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ MATA Motor မှဒါရိုက်တာ၊ Super Seven Stars Holding Co.,Ltd မှဥက္ကဋ္ဌ၊ ရှန်းကျန့်မြိုမှ Shenzhen Ligoo New Energy Technologies Co.,Ltd၊ Shenzhen U-linking Technology Co.,Ltd ၊ ZI Chuang Optics (Shenzhen) Energy Conservation Technology Group Co,.Ltd တို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန်ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထိုသို့ ဆွေးနွေးစဥ် မြန်မာနှင့်တရုတ်နိုင်ငံတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရန် လိုအပ်သည်များကို ပံ့ပိုးကူညီပေးမည်ဖြစ်ကြောင်းလည်း မြန်မာကောင်စစ်ဝန်ချုပ်ကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here