စပိန်ကန်နရီကျွန်းအနီးပင်လယ်ပြင်၌ ရွှေ့ပြောင်းနေထိုင်သူ အနည်းဆုံးသုံးရာထက်မနည်းပျောက်ဆုံးနေဟုဆို

0
123

မက်ဒရစ်၊ဇူလိုင် ၉

ဆီနီဂေါမှ စပိန်နိုင်ငံကန်နရီကျွန်းစုများသို့ ရွှေ့ပြောင်းသွားလာနေသော လှေသုံးစင်းပေါ်တွင် လိုက်ပါလာသည့် ရွှေ့ပြောင်းနေထိုင်သူ ၃၀၀ ထက်မနည်း ပျောက်ဆုံးသွားကြောင်း ရွှေ့ပြောင်းနေထိုင်သူအကူအညီပေးရေးအဖွဲ့ Walking Borders က ဇူလိုင် ၉ ရက်တွင်ပြောကြားခဲ့သည်။

ဆီနီဂေါမှစပိန်သို့သွားရန်ထွက်ခွာလာသည့် ရွှေ့ပြောင်းလှေနှစ်စင်းအနက် တစ်စင်းမှာ လူ ၆၅ ယောက်ပါဝင်ပြီး ကျန်တစ်စင်းမှာ လူ ၅၀ မှ ၆၀ ကြားပါဝင်ကာ အဆိုပါလှေနှစ်စင်းလုံးပျောက်ဆုံးနေသည်မှာ ၁၅ ရက်ရှိပြီဖြစ်ကြောင်းသိရသည်။

တတိယလှေသည် ဇွန်လ ၂၇ ရက်နေ့တွင် ဆီနီဂေါမှစပိန်သို့ထွက်ခွာလာပြီး လူအယောက် ၂၀၀ ခန့်ပါဝင်သည်ဟုလည်းသိရသည်။ထိုအချိန်မှစ၍ ၎င်းတို့နှင့်အဆက်သွယ်မရတော့ဘဲ အဆက်သွယ်ပြတ်သွားခြင်းဖြစ်သည်ဟုမိသားစုများကပြောဆိုကြသည်။

ထို့ကြောင့် ၎င်းတို့၏မိသားစုများအနေဖြင့်စိုးရိမ်ပူပန်လျက်ရှိကြပြီး ၎င်းတို့သည် ဆီနီဂေါ၌မတည်ငြိမ်မှုများကြောင့် စပိန်သို့ထွက်ခွာသွားကြခြင်းဖြစ်သည်ဟုလည်းသိရသည်။

ကမ္ဘာပေါ်၌ အသေအပျောက်အများဆုံးထဲမှ တစ်ခုဖြစ်သည့် အတ္တလန္တိတ်ရွှေ့ပြောင်းနေထိုင်မှုလမ်းကြောင်းအား အာဖရိကရှိဆာဟာရသဲ ကန္တာရအောက်ပိုင်းမှ ရွှေ့ပြောင်းနေထိုင်သူများ အများဆုံးအသုံးပြုလေ့ရှိသည်။ 

၂၀၂၂ ခုနှစ်တွင် ကလေး ၂၂ ဦး အပါအဝင် အနည်းဆုံးလူပေါင်း ၅၅၉ ဦးသည် ကန်နရီကျွန်းများသို့ရောက်ရှိရန်ကြိုးပမ်းရင်း သေဆုံးခဲ့ရကြောင်း ကုလသမဂ္ဂ၏ နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့အချက်အလက်များအရသိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here