မြန်မာ့ ထောပတ်သီးတန်ချိန် ၁၀၀၀ ခန့် အိန္ဒိယသို့ တင်ပို့မည်

0
170

အိန္ဒိယနိုင်ငံမှ သစ်သီးကုန်သည်များအနေဖြင့် လာမည့်ထောပတ်ရာသီတွင် မြန်မာ့ထောပတ်သီး တန်ချိန် ၁၀၀၀ ခန့် ဝယ်ယူရန် ကမ်းလှမ်းထားသည့်အတွက် တင်ပို့ရောင်းချသွားရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ သိရသည်။

မြန်မာ့ထောပတ်သီး ရာသီချိန်မှာ နိုဝင်ဘာလတွင် စတင်ထွက်ရှိပြီး လာမည့်နှစ် ဖေဖော်ဝါရီလအထိ ရာသီချိန်ဖြစ်ကာ ဝယ်ယူရန် ကမ်းလှမ်းထားသည်များကို  ၂၀၂၃ – ၂၀၂၄ ခုနှစ်အတွင်း စတင်ကာ တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယကုန်သည်များသည်များအနေဖြင့် မြန်မာ့ထောပတ်သီးများကို ၂၀၁၉ ခုနှစ်မှစတင် ဝယ်ယူခဲ့ပြီး ရှမ်းပြည်နယ် တောင်ကြီးမြို့အထိ လာရောက်ဝယ်ယူမှုများရှိခဲ့ကြောင်း သိရသည်။

ပြည်တွင်း၌ ထောပတ်သီးစိုက်ဧကမှာ ၂၀၂၀ ပြည့်နှစ်စာရင်းများအရ ဧက ၂၀၀၀၀ ခန့်ရှိပြီး ရှမ်းပြည်နယ် အပါအဝင် အခြားဒေသများတွင်လည်း စိုက်ပျိုးထုတ်လုပ်သူ များပြားလာကြောင်းနှင့် တစ်ဧကလျှင် Export Quality ထောပတ်သီးတန်ချိန် ၅၀၀၀ မှ ၁၀၀၀၀ ကြား ထွက်ရှိကြောင်း သိရသည်။

မြန်မာ့ထောပတ်သီးကို တရုတ်၊ ထိုင်း၊ ဟောင်ကောင်၊ ရုရှား အစရှိသည့် နိုင်ငံများသို့ ပင်လယ်ရေ ကြောင်းနှင့် နယ်စပ်ဂိတ်များမှတဆင့်တင်ပို့ရောင်းချနေပြီးမြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကိုလည်း ဖွဲ့စည်းတည်ထောင်ထားရှိပြီးဖြစ်သည် ။

မြန်မာနိုင်ငံတွင် ဒေသမျိုးကိုင်းများနှင့် ပြည်ပမှ တင်သွင်းလာသည့် Hass အမျိုးအစား မျိုးကိုင်းများကို စနစ်တကျ မျိုးပွားဖြန့်ဖြူးထားနိုင်ပြီး ဈေးကွက်ဝင်အသီးများ ထွက်ရှိလာရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here