လက်နက်ကိုင်ပုန်ကန်မှုအပြီး ပူတင်သည် ဝက်ဂနာအကြီးအကဲ ပရီဂိုဇင်နှင့် တွေ့ဆုံခဲ့ကြောင်း ရုရှားဆို

0
178

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဝက်ဂနာတပ်ဖွဲ့ခေါင်းဆောင် ပရီဂိုဇင်နှင့် ၎င်း၏တပ်မှူး ၃၅ ဦးတို့အား ဇွန်လ ၂၉ ရက်က မော်စကို၌ လက်ခံတွေ့ဆုံခဲ့ကြောင်း ကရင်မ်လင်က ပြောသည်။ ပရီဂိုဇင်နှင့် ဝက်ဂနာတပ်ဖွဲ့တို့ လက်နက်ကိုင်ပုန်ကန်မှုအပြီး ၅ ရက်အကြာတွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ပူတင်နှင့် ပရီဂိုဇင်တို့အဖွဲ့ သုံးနာရီကြာတွေ့ဆုံမှုတွင် “သမ္မတက ဝက်ဂနာတပ်မှူးတွေရဲ့ ရှင်းလင်းချက်တွေကို နားထောင်ပြီး နောက်ထပ် အလုပ်အကိုင်ရွေးချယ်ခွင့်နဲ့ တိုက်ပွဲဝင်လျှောက်လွှာတွေထပ်လျှောက်ကြဖို့အတွက် ရွေးချယ်စရာတွေ ပေးခဲ့တယ်” ဟု ကရင်မ်လင် ပြောရေးဆိုခွင့်ရှိသူ ဒမီထရီပက်စကော့ က ယမန်နေ့ တနင်္လာနေ့ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ရုရှားသမ္မတပူတင်သည် ၎င်း၏ရာထူးသက်တမ်းတလျှောက် အကြီးမားဆုံးစိန်ခေါ်မှုကို ရင်ဆိုင်ခဲ့ရစဉ်တွင် ဝက်ဂနာခေါင်းဆောင်များအပေါ် “ပြင်းထန်သော” ပြစ်ဒဏ်များချမှတ်မည်ဟု ကတိပြုပြီးနောက် ထိုသို့တွေ့ဆုံခဲ့ခြင်းလည်းဖြစ်သည်။ ဝက်ဂနာတပ်ဖွဲ့သည် ရုရှားလေယာဉ်များကို ပစ်ချခဲ့သဖြင့် ရုရှားတပ်ဖွဲ့ဝင်များ သေဆုံးပြီးနောက် ပရီဂိုဇင်နှင့် ကြေးစားတပ်ဖွဲ့ဝင်များအား လက်နက်ကိုင် ပုန်ကန်မှုဖြင့် စွဲချက်တင်ရန် ပူတင်၏ ဆုံးဖြတ်ချက်ကို ရုရှားအထက်တန်းလွှာများက ပြစ်တင်ဝေဖန်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here