ယနေ့နံနက်ပိုင်းမှညနေပိုင်းအထိ ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၆ ခု၌ နေရာကွက်၍ မိုးသည်းထန်စွာရွာသွန်းနိုင်

0
204

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၆ ခု၌ ဇူလိုင် ၁၁ ရက်(ယနေ့)နံနက်ပိုင်းမှညနေပိုင်းအထိ နေရာကွက်၍မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၇ နာရီက ထုတ်ပြန်ခဲ့သည်။

ယနေ့နံနက်ပိုင်းမှညနေပိုင်းအထိ ရန်ကုန်တိုင်း၊စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊မကွေးတိုင်း၊ပဲခူးတိုင်း၊ကချင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာကွက်၍ ရာနှုန်းပြည့်မိုးသည်းထန်စွာရွာသွန်းနိုင်သည်ဟု မိုးဇလကထုတ်ပြန်ခဲ့သည်။

ထို့ပြင် နေပြည်တော်၊မကွေးတိုင်းနှင့်ကယားပြည် နယ်တို့၌ နေရာကျဲကျဲ၊စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့်ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ကျန်တိုင်းနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာနိုင်သည်ဟုလည်း အသိပေးခဲ့သည်။

ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်လည်း မုတ်သုံလေအားအသင့်အတင့်ရှိနေကာ မြန်မာ့ပင်လယ်ပြင်၌ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ပြီး လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၆)ပေမှ(၈)ပေခန့်အထိရှိနိုင်သည်ဟု မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here