တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ တနိုင်ငံလုံးအဆင့်ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြု

0
220

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံး၌ သိပ္ပံဘာသာတွဲဖြင့် အမှတ်အများဆုံးရရှိသူအပါအဝင် (၃) ဘာသာနှင့်အထက် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဇူလိုင်လ (၁၀) ရက်၊ နံနက်ပိုင်းတွင် ဂုဏ်ပြုဆုများ ချီး
မြှင့်ခဲ့သည်။

အဆိုပါ ဂုဏ်ပြုဆုများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာတင်ထွဋ်တက်ရောက်၍ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး အနာဂတ်လူငယ်များအနေဖြင့် ယခုကဲ့သို့ ထူးချွန်အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းရင်းအမှန်တကယ်လည်းစိတ်ဝင်စား​သော ထူးချွန်အောင်မြင်နိုင်သည်ဟု ယုံကြည်ချက်ရှိသော တက္ကသိုလ်နှင့် ဘာသာရပ်များကို မိဘနှင့်သားသမီးများ တိုင်ပင်ရွေးချယ်ကြရန် ဒု-ဝန်ကြီး ဒေါက်တာ တင်ထွဋ်က အကြံပြုပြောကြားခဲ့သည်။

ထို့နောက် ဒု-ဝန်ကြီးဒေါက်တာတင်ထွဋ်က ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံး၌ သိပ္ပံဘာသာတွဲဖြင့် အမှတ်အများဆုံးရရှိသူ မောင်ဟိန်းဝေယံထွန်း၊ မြန်မာတစ်နိုင်ငံလုံး၌ သိပ္ပံဘာသာတွဲဖြင့် အမှတ်အများဆုံး (တတိယ) ရရှိသူ မဇွဲယုနန္ဒာထွန်းနှင့် မသန့်ဆုရတီတို့အား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့ပြင် ဒု-ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များနှင့် ပါမောက္ခချုပ်များက ဘာသာစုံဂုဏ်ထူးရရှိသူ ၁၃ ဦး၊ (၅) ဘာသာဂုဏ်ထူးရရှိသူ ၁၇ ဦး၊ (၄) ဘာသာ ဂုဏ်ထူးရရှိသူ ၂၁ ဦး၊ (၃) ဘာ သာဂုဏ်ထူးရရှိသူ ၂၁ ဦးတို့ကို ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here