ဆွီဒင်၏ နေတိုးဝင်ခွင့် ကို တုကီယေးသမ္မတက ထောက်ခံပေးရန် သဘောတူလာ

0
129

တူရကီ ခေါ် တုကီယေးသမ္မတ တိုင်ရစ် အဲဒိုဝန်သည် ဆွီဒင်၏ နေတိုးအဖွဲ့ဝင်ရန် လျှောက်ထားချက်ကို တစ်နှစ်ကြာ ပိတ်ပင်ထားပြီးနောက် ယခုအခါ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများရှိလာသဖြင့် ထောက်ခံပေးရန် သဘောတူညီခဲ့ကြောင်း သိရသည်။

အဲဒိုဝန်သည် ဆွီဒင်၏ မဟာမိတ်အဖွဲ့ဝင်ဖြစ်ရေး လျှောက်ထားချက်ကို တုကီယေး ပါလီမန်သို့ တင်သွင်းပေးရန် သဘောတူခဲ့သည်ဟု နေတိုး အတွင်းရေးမှူးချုပ် ယန်း စတိုတန်ဘာ့ဂ်က ဇူလိုင်လ ၁၀ ရက် တနင်္လာနေ့တွင် ကြေညာခဲ့သည်။

လစ်သူယေးနီးယားနိုင်ငံ၊ ဗဲလ်နီးယပ်စ်မြို့တွင် အဲဒိုဝန်၊ ဆွီဒင်ဝန်ကြီးချုပ် ယူးဖ် ခရစ်တာဆန်နှင့် စတိုတန်ဘာ့ဂ်တို့ မျက်နှာစုံ အစည်းအဝေးလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ သဘောတူညီမှု ရလာခဲ့ခြင်းဖြစ်သည်။

နေတိုးအဖွဲ့ဝင်ဖြစ်လာရေးသည် အဖွဲ့ဝင်နိုင်ငံအားလုံး၏ ခွင့်ပြုချက်ရရှိရန် လိုအပ်ပေသည်။ သို့ရာတွင် တုကီယေးသည် စတော့ဟုမ်းအား အစ္စလာမ်ဘာသာ ကိုးကွယ်သူများဖြစ်သည့် ကာ့ဒ်လူမျိုး တက်ကြွလှုပ်ရှားသူများကို အကြမ်းဖက်သမားအဖြစ် သတ်မှတ်ထားသည်ဟု စွပ်စွဲကာ ပြီးခဲ့သည့်နှစ်ကတည်းက ဆွီဒင်၏ လျှောက်ထားချက်ကို ဆိုင်းငံ့ထားခဲ့သည်။

“သမ္မတ အဲဒိုဝန်ဟာ ဆွီဒင်ရဲ့ အဖွဲ့ဝင်ခွင့် လျှောက်ထားချက်ကို လွှတ်တော်ဆီ တတ်နိုင်မျှ အမြန်ဆုံး တင်သွင်းပေးပြီး အတည်ပြုလက်မှတ်ရဖို့ အတွက်ကိုလည်း လွှတ်တော်နဲ့ အနီးကပ် လုပ်ဆောင်သွားဖို့ သဘောတူခဲ့တာကို ကြေညာပါရစေ” ဟု စတိုတန်ဘာ့ဂ်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောလာခဲ့သည်။

Source: Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here