ထိုင်းဝန်ကြီးချုပ်ဟောင်းပရာယွတ်ချန်အိုချာ နိုင်ငံရေးလောကမှအနားယူတော့မည်ဟုကြေငြာ

0
152

ဘန်ကောက်၊ဇူလိုင် ၁၁

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် ပါလီမန်တွင် ခေါင်းဆောင်အသစ်ရွေးချယ်မှုမပြီးမချင်း အိမ်စောင့်အစိုးရခေါင်းဆောင်အဖြစ် ဆက်လက်ရပ်တည်မည်ဟုဆိုထားသော်လည်း ယခုအခါနိုင်ငံရေးမှအနားယူလိုက်ပြီဖြစ်ကြောင်း အင်္ဂါနေ့တွင်ကြေငြာခဲ့သည်။

အသက် ၆၉ နှစ်အရွယ်ရှိပရာယွတ်သည် နိုင်ငံရေးမှနုတ်ထွက်ပြီး United Thai Nation ပါတီမှလည်းနုတ်ထွက်ကြောင်းယ‌နေ့တွင်ပြောကြားခဲ့သည်။United Thai Nation ပါတီသည် မေလ ၁၄ အထွေထွေ ရွေးကောက်ပွဲတွင် ၎င်းအားအ‌ထောက်အကူဖြစ်စေခဲ့သည့် အမာခံပါတီအသစ်တစ်ခုလည်းဖြစ်သည်။

မစ္စတာပရာယွတ်၏နုတ်ထွက်မှုအား United Thai Nation ပါတီ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့်ကြေငြာခဲ့ခြင်းဖြစ်ပြီး ပါတီအနေဖြင့် ခိုင်မာသည့် အတွေးအခေါ်ဖြင့် နိုင်ငံရေးလှုပ်ရှားမှုများကို အကောင်အထည်ဖော်ရန်၊နိုင်ငံတော်၏ အမျိုးဘာသာသာသနာနှင့်ဘုရင်စနစ်ကိုကာကွယ်ရန်အပါအဝင် ထိုင်းလူထုကိုစောင့်ရှောက်ရန်လည်းတာဝန်ရှိသူများအားမစ္စတာပရာယွတ်ကမှာကြားခဲ့သည်။

မေလ ၁၄ ရက် အထွေထွေ ရွေးကောက်ပွဲတွင် UTN ပါတီသည် အမတ်နေရာ ၅၀၀ တွင် ၃၆ နေရာသာ အနိုင်ရခဲ့သည်။အငြိမ်းစားဗိုလ်ချုပ်ကြီးပရာယွတ်သည် ၂၀၁၄ ခုနှစ်တွင်အာဏာသိမ်းပြီးနောက် စစ်တပ်အစိုးရ၏ ဝန်ကြီးချုပ်ဖြစ်လာခဲ့သူတစ်ဦးလည်းဖြစ်သည်။

ပလန်ပရာချာရတ်ပါတီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့မှ ၂၀၁၉ အထွေထွေရွေးကောက်ပွဲအပြီးတွင်မစ္စတာပရာယွတ်အား ဝန်ကြီးချုပ်ရာထူးအတွက်တရား၀င်ရွေးချယ်ခဲ့ခြင်းလည်းဖြစ်သည်။

Source : နစ်ကေးအေးရှား


LEAVE A REPLY

Please enter your comment!
Please enter your name here