၂၀၇၅ ခုနှစ်တွင် အိန္ဒိယသည် အမေရိကကို ကျော်၍ ကမ္ဘာ့ဒုတိယမြောက် စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာမည် – ဂိုးဒန်း ဆက်စ်(ခ်) ဘဏ်

0
167

ကမ္ဘာ့ ဒုတိယအကြီးဆုံး ရင်းနှီးမြှုပ်နှံမှုဘဏ်ဖြစ်သည့် ဂိုးဒန်း ဆက်စ်(ခ်) က အိန္ဒိယသည် ၂၀၇၅ ခုနှစ်အရောက်တွင် ဂျပန်၊ ဂျာမနီနှင့် အမေရိကန်နိုင်ငံတို့ကို ကျော်တက်၍ ကမ္ဘာပေါ်ရှိ ဒုတိယမြောက် စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာနိုင်ကြောင်း ပြောလာခဲ့သည်။

မကြာသေးမီက ထုတ်ပြန်လာသော အစီရင်ခံစာတွင် အလေးသာနေသော လူဦးရေ ပမာဏ၊ ဆန်းသစ်တီထွင်မှုနှင့် နည်းပညာများ အပြင် ပို၍ သာလွန်နေသော ငွေကြေး ရင်းနှီးမြှုပ်နှံမှုနှင့် လုပ်သားများ၏ ကုန်ထုတ်စွမ်းအား မြင့်တက်လာခြင်းသည် အိန္ဒိယနိုင်ငံ၏ တိုးတက်ကြီးထွားနှုန်းကို တွန်းအားပေးနေကြောင်း ဖော်ပြထားသည်။

လက်ရှိအချိန်တွင်မူ အိန္ဒိယသည် ဂျာမနီ၊ ဂျပန်၊ တရုတ်နှင့် အမေရိကတို့၏ နောက်တွင် ပဥ္စမမြောက် ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံအဖြစ် ရပ်တည်နေသည်။

လာမည့်နှစ် ၂၀ အတွင်း အိန္ဒိယနိုင်ငံ၏ မှီခိုသူ လူဦးရေ အချိုးအစားသည် ဒေသတွင်းစီးပွားရေး နိုင်ငံများကြား ၌ အနိမ့်ဆုံးဖြစ်လာမည်ဟု ဂိုးဒန်း ဆက်စ်(ခ်)မှ အိန္ဒိယနိုင်ငံသား စီးပွားရေး ပညာရှင် ဆန်သနူး ဆန်ဂွပ်တာက ပြောထားသည်။

အိန္ဒိယအတွက် တိုးတက်မှုနှုန်းကို ရပ်တန့်စေမည့် တစ်ခုတည်းသောအရာမှာ လုပ်သားအင်အားထု၌ ပါဝင်မှု နှုန်းက ခန့်မှန်းထားသည့်အတိုင်း တိုးမလာခြင်း ဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ အိန္ဒိယ၏ လုပ်သားအင်အား ပါဝင်နှုန်းသည် လွန်ခဲ့သည့် ၁၅ နှစ်အတွင်း လျော့ကျလာနေသောကြောင့် ဖြစ်သည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here