၂၀၂၃ မြန်မာနေရှင်နယ်လိဂ် ရာသီ၀က််အပြီး ဂိုးသွင်းအများဆုံးနှင့် ပေးဂိုးအနည်းဆုံးစံချိန်ကို ရန်ကုန်ယူနိုက်တက်ရရှိထား

0
113

၂၀၂၃ မြန်မာနေရှင်နယ်လိဂ် ရာသီ၀က်် ပွဲစဉ် (၁၁)အပြီးတွင် ဂိုးသွင်းအများဆုံးနှင့် ပေးဂိုးအနည်းဆုံးစံချိန်ကို ရန်ကုန်ယူနိုက်တက်အသင််းကရရှိထားကြောင်း သိရသည်။

ပထမအကျော့ ပွဲစဉ် ၁၁ အပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ၉ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံး၊ ရမှတ် ၂၈ မှတ် ရဂိုး ၂၈ ဂိုး၊ ပေးဂိုး ၄ ဂိုး ဖြင့် အမှတ်ပေးဇယား ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်။

လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက််သည် ၉ ပွဲနိုင်၊ ၂ ပွဲသရေ၊ ရမှတ် ၂၉ မှတ် ရဂိုး ၂၄ ဂိုး၊ ပေးဂိုး ၈ ဂိုး ဖြင့် အမှတ်ပေးဇယား ပထမနေရာတွင် ၄၅ ပွဲဆက်ရှုံးပွဲမရှိစံချိန်ရရှိထားသည်။

မြန်မာနေရှင်လိဂ်ရာသီ၀က်အပြီးတွင် ရန်ကုန်ယူနိုက်တက် တိုက်စစ်မှုးဆီလာက ၈ ဂိုးသွင်းယူပြီး ဂိုးအသွင်းများဆုံး၊ ရန်ကုန်ယူနိုက်တက်ဂိုးသမား ဆန်းဆက်နိုင်က ၈ ပွဲတိတိ ပေးဂိုးမရှိခဲ့ပဲ ၁၁ ပွဲကစားပြီးချိန်တွင် ၄ ဂိုးသာခွင့်ပြုထားရသည့် မှတ်တမ်းကောင်းများ ရရှိထားသည်။

၂၀၂၃ မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးဘောလုံးပြိုင်ပွဲ ပထမအကျော့ပွဲစဥ် (၁၁)အပြီးတွင် အသင်းစုစုပေါင်း၏ သွင်းဂိုးအရေအတွက်မှာ ၂၀၂ ဂိုးအထိ ရှိခဲ့ပြီး သွင်းဂိုး(၂၀၀) မြောက်ဂိုးကို ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မှူး ဆီလာက သွင်းယူနိုင်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here