မီးဖိုအနီးရှိ မီးစက်အတွင်းသို့ ဓာတ်ဆီထည့်ရာမှ ဒေါ်လုံးမုန့်တီဆိုင် မီးလောင်မှု ဖြစ်ပွား

0
112

မီးဖိုအနီးရှိ မီးစက်အတွင်းသို့ ဓာတ်ဆီထည့်ရာမှ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ၂၉ လမ်း၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြားရှိ ဒေါ်လုံးမုန့်တီဆိုင် ဇူလိုင် ၁၂ ရက်(ယနေ့) နံနက်ပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်က ဒေါ်လုံးမုန့်တီဆိုင်တွင် မီးကူးစက်လောင်ကျွမ်းခဲ့သဖြင့် ချမ်းအေးသာစံမြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များ၊ လုံခြုံရေးအဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

“ထိခိုက်ဒဏ်ရာရတာမရှိပါဘူး။ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုတော့ မီးသတ်တပ်ဖွဲ့ကပဲ သိလိမ့်မယ်။ အချိန်မီငြှိမ်းသတ်နိုင်ခဲ့တဲ့အတွက် ဘေးကိုကူးစက်လောင်ကျွမ်းတာလည်းမရှိပါဘူး ” ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောကြားသည်။

မီးလောင်မှုအား ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၆ နာရီ ၂၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here