ပန်ဆန်းမှတာချီလိတ်သို့သယ်လာသည့် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (ကက်တမင်း) ၁၂၇ ကီလိုအား အိမ်စီးကားပေါ်မှဖမ်းမိ

0
138

ရှမ်းပြည်နယ်၊တာချီလိတ်မြို့နယ်တွင် ဇူလိုင် ၇ ရက်ညပိုင်းက TOYOTA HILUX REVO ကားပေါ်မှ ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(ကက်တမင်း) ၁၂၇ ကီလိုအား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့ည ၁၁ နာရီခွဲခန့်က မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူး ပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ဝမ်ဆောက်ခုံကျေးရွာ-တာချီလိတ်မြို့သွား ကျေးရွာချင်းဆက်လမ်းတွင် စတေဖာ အား TOYOTA HILUX REVO ကားနှင့်အတူတွေ့ရှိရသဖြင့် ရှာဖွေစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာကားပေါ်မှ ပန်ဆန်းမှတာချီလိတ်သို့သယ်လာသည့် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(ကက်တမင်း) ၁၂၇ ကီလိုအား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူအား သက်ဆိုင်ရာရဲစ ခန်းမှ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here