မွန်ပြည်နယ်၌ သွေးလွန်တုပ်ကွေးရောဂါဖြင့် အသက်(၄)လအရွယ် ကလေးငယ်တစ်ဦး အပါအဝင် လူ (၂) ဦး သေဆုံးခဲ့

0
77

မွန်ပြည်နယ်အတွင်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ ခြောက်လတာအတွင်း သွေးလွန်တုပ်ကွေးရောဂါကြောင့် အသက်(၄)လအရွယ် ကလေးငယ်တစ်ဦး အပါအဝင် လူ(၂)ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ (၂)ဦးမှာပေါင်မြို့နယ်၊ အလှပ်ကျေးရွာနေသူတစ်ဦးနှင့် သံဖြူဇရပ်မြို့နယ်တွင်နေထိုင်သည့် အသက်(၄)လအရွယ် ကလေးငယ်တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

ထို့အတူ ယခုနှစ် ခြောက်လတာအတွင်း မွန်ပြည်နယ်၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၅၆၀ ဦးရှိကာ မော်လမြိုင်၊ ပေါင်၊ ကျိုက်မရောနှင့် ရေးမြို့နယ်တို့၌ ရောဂါဖြစ်ပွားမှု များပြားလျက်ရှိကြောင်း သိရသည်။

“မွန်ပြည်နယ်အတွင်းမှာ သွေးလွန် တုပ်ကွေးရောဂါနဲ့ပတ်သက်ရင် ပြည်သူလူထုအခြေပြုစနစ်၊ ကျောင်းအခြေပြုစနစ်၊ ရောဂါဖြစ်ပွားတဲ့ ကလေးလူနာတစ်ယောက်တွေ့ရင် စောင့်ရှောက်ရမယ့်စနစ် အဲဒီစနစ်(၃)မျိုးနဲ့ဆောင်ရွက်နေပါတယ်”ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် ရောဂါခံစားနေရသည့် ကလေးများ၌ အသက်အန္တရာယ်စိုးရိမ်ရသည့် လက္ခဏာရှိလာပါက စောစီးစွာ လွှဲပြောင်းကုသနိုင်ရန် မြို့နယ်တိုင်းရှိ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုကူညီရေးအသင်းများ၊ စေတနာရှင်လုပ်အားပေးများက ကူညီဆောင်ရွက်ပေးရန် ပြင်ဆင်ဆောင်ရွက်ထားကြောင်း သိရသည်။

Photo-ရာမညအသံ


LEAVE A REPLY

Please enter your comment!
Please enter your name here