ဗြိတိန်ဗီဇာ လျှောက်သူများအား ဗီဇာကြေးနှင့် ကျန်းမာရေး အပိုကြေးများ တိုးမြှင့်ကောက်ခံမည်ဟု ရီရှီဆူနက်ခ် ကြေညာ

0
219

ဗြိတိန်ဝန်ကြီးချုပ် ရီရှီး ဆူနက်ခ်သည် ဗီဇာလျှောက်ထားသူ နိုင်ငံခြားသားများ ပေးဆောင်ရမည့် အခကြေးငွေနှင့် ကျန်းမာရေး အပိုကြေးများကို သိသိသာသာ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

ယခုကဲ့သို့ တိုးမြှင့်လာရခြင်းမှာ အစိုးရဝန်ထမ်းများ၏ လုပ်ခလစာ တိုးမြင့်လာစေရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်။

ဗြိတိန်သည် ငွေကြေးဖောင်းပွမှုကြောင့် ကုန်ဈေးနှုန်းများ မြှင့်တက်လာပြီးနောက် နိုင်ငံတစ်ဝန်းတွင် လုပ်ခလစာ တိုးမြှင့်ပေး‌ရေး ဆန္ဒပြမှုများနှင့် မကြာခဏ ရင်ဆိုင်နေရသည်။

ဆူနက်ခ်က ကျောင်းဆရာများ၊ ရဲအရာရှိများနှင့် အငယ်တန်း ဆရာဝန်များ ကဲ့သို့သော အစိုးရဝန်ထမ်းအသီးသီး၏ လုပ်ခလစာကို ၅ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအထိ တိုးမြင့်ပေးသွားမည်ဟု အတည်ပြုခဲ့သည်။

သို့ရာတွင် အစိုးရသည် ထိုသို့ တိုးမြှင့်ပေးနိုင်ရန်အတွက် ငွေကြေးပိုမိုချေးယူခြင်း သို့မဟုတ် အခွန်တိုးမြှင့်ကောက်ခံခြင်းတို့ကို ပြုလုပ်သွားမည် မဟုတ်ကြောင်း ဆူနက်ခ်က အလေးပေးပြောကြားခဲ့သည်။

ထို့ကြောင့် အခြားနည်းလမ်းများအဖြစ် ၎င်းနိုင်ငံသို့ လာရောက်နေထိုင်မည့်သူများ၏ ဗီဇာကြေးနှင့် ဗီဇာလျှောက်ရာတွင် ပေးဆောင်ရသည့် လူဝင်မှုကြီးကြပ်ရေး ကျန်းမာရေး အပိုကြေး (IHS) တို့ကို တိုးမြှင့်ကောက်ခံသွားမည်ဖြစ်သည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here